(၅၇) ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအောင်မြင်

ဇူလိုင်လ ၆ ရက်နေ့က အထူးကုဆေးရုံကြီး (ခုတင် ၅၀၀)ရန်ကုန်တွင် (၅၇)ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကိုဗစ်ရောဂါအခြေအနေများကြောင့် ယာယီရပ်နားထားရာမှ

  • ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် (၅၅)ကြိမ်မြောက်
  • ၂၀၂၃ ခုနှစ်၊ မတ်လတွင် (၅၆)ကြိမ်မြောက်
  • ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် (၅၇)ကြိမ်မြောက် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အဆိုပါခွဲစိတ်အောင်မြင်မှုကြောင့် နိုင်ငံရပ်ခြားတွင် ခွဲစိတ်ကုသရသည့် ကုန်ကျစရိတ်အများအပြားကို လျော့ချနိုင်ပြီ ဖြစ်ပါတယ်။