မြစ်ကြီးနား-မိုးကောင်းရထားပြန်လည်ပြေးဆွဲနိုင်တော့မည်

ဒေသခံပြည်သူများ ကုန်စည်ပိုဆောင်မှုနှင့် သွားလာမှုများအဆင်ပြေချောမွေ့စေရေး အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် မိုးကောင်းမြို့အထိ မြန်မာ့မီးရထား ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရထားသံလမ်းများရှိ ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း ကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၁ ရက်နေ့ထိ ပထမအကြိမ်ဆောင်ရွက်ပေးပြီး ယနေ့တွင် ဒုတိယအကြိမ် မြစ်ကြီးနားမြို့၊ နန်းကွေ့ဘူတာရုံမှ မြစ်ကြီးနားဘူတာကြီးသို့ သွားရောက်သည့် ရထားသံလမ်း ဝဲ/ယာရှိ ချုံနွယ်ပေါင်းမြက်များအား မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံတပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးရထားလမ်းသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း မီးရထားပြေးဆွဲမှုကို နယ်မြေအခြေအနေအရ ရပ်နားထားခဲ့ပြီး ယခုအခါ မီးရထားလိုင်း ပြန်လည်ပြေးဆွဲနိုင်တော့မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။