PDF တွေထောင်ထားတဲ့ ကားလမ်းပေါ်က မိုင်းတွေကို တပ်မတော်မှ ရှင်းလင်းပေး

ဇူလိုင်လ ၈ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကျေးရွာအနီး တံတားဦး-မြင်းခြံ ကားလမ်းပေါ်တွင် အကြမ်းဖက်သမားများမှ မိုင်းထောင်ထားကြောင်း ဒေသခံများမှ သတင်းပေးပို့လာသဖြင့် သွားရောက်ရှင်းလင်းရာ ကားမိုင်း ၁၁ လုံးအား တပ်မတော်မှ ဖော်ထုတ်နိုင်ခဲ့ပြီး ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ပါတယ်။

တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ ပြည်သူများက မိုင်းထောင်ထားတဲ့နေရာတွေကိုအတိအကျသတင်းပေးလို့ဖော်ထုတ်ရှင်းလင်းနိူင်တာဖြစ်ပြီးပြည်သူတွေမိုင်းအန္တရယ်ကင်းအောင်လုပ်ပေးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။