ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းသည် မြန်မာနှင့်အိန္ဒိယအတွက် မဟာဗျူဟာမြောက်စီမံကိန်းတစ်ခုဖြစ်ကြောင်း နစက ဥက္ကဋ္ဌပြောကြား


ကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်း သယ်ယူပိုဆောင်ရေး စီမံကိန်းသည် ရခိုင်ပြည်နယ်အတွက်များစွာ အကျိုးဖြစ်ထွန်းစေနိုင်သည့်အပြင်မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံလုံးအတွက် မဟာဗျူဟာအရ အရေးကြီးတဲ့ စီမံကိန်း တစ်ခုဖြစ်တယ်လိုနိုင်ငံတော်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်ကပြောပါတယ်။
စစ်တွေမြိုကိုရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြိုရှိကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပိုဆောင်ရေး စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာမှာ ပြောကြားခဲ့တာဖြစ်တယ်လို နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီစီမံကိန်းဟာ ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှုများကို ပိုမိုလျှင်မြန်စေမည်ဖြစ်ပြီး နှစ်နိုင်ငံ ကူးလူးဆက်သွယ်မှု၊ ကုန်သွယ်မှုကို ပိုမိုတိုးမြှင့်လာစေနိုင်မည်ဖြစ်တယ်လိုလည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။