မော်လမြိုင်ခရိုင်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအတွက် စားသောက်ကုန်များပေးအပ်လှူဒါန်း

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ယု၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး စိုးအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးသန်းအေးတို့က မော်လမြိုင်ခရိုင်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက် အသင့်စားသုံးနိုင်သော ငါးတံခွန်ခြောက်ကြော် (၂၀၀) ဘူး၊ ငါးပိအစိုးကြော် (၁၀၀) ဘူးနှင့် ကွေကာအုပ်အထုတ်ကြီး (၉၀) ထုတ်တို့အား ပေးအပ်လှူဒါန်းခဲ့ပါတယ်။