တရုတ်မှထုတ်လုပ်သည့် ပထမဆုံးသော အကြီးစားအပျော်စီးသင်္ဘော “Adora Magic City” စတင်ထွက်ခွာ

တရုတ်မှထုတ်လုပ်သည့် ထမဆုံးသော အကြီးစားအပျော်စီးသင်္ဘော “Adora Magic City” ဟာ ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီ ၄၅မိနစ်တွင် Wusong ပင်လယ်ရေးရာဦးစီးဌာန ရေကြောင်း စီမံခန့်ခွဲရေး စင်တာ၏ ခွင့်ပြုချက်ရရှိပြီးနောက် ၆ ည ၇ ရက် ကြာခရီးစဉ်ကို စတင်ခုတ်မောင်းခဲ့ပါတယ်။ ခရီးစဉ်တွင် တောင်ကိုရီးယားနိုင်ငံ Jeju ကျွန်း၊ ဂျပန်နိုင်ငံ Nagasaki မြိုနှင့် Fukuoka မြို့စသည်တို ပါဝင်ကြောင်းသိရပါတယ်။
အကြီးစားအပျော်စီးသင်္ဘော “Adora Magic City”ကို China State Shipbuilding Corporation Limited(CSSC)Shanghai Waigaoqiao Shipbuilding CO.,LTD. မှ ထုတ်လုပ်ခြင်း ဖြစ်ပြီး အရှည် ၃၂၃.၆ မီတာ ရှိကာ အခန်း ၂၁၂၅ ခန်းရှိ၍ အများဆုံး ခရီးသည် ၅၂၄၆ ဦး လိုက်ပါစီးနင်းနိုင်ကြောင်းလည်းသိရပါတယ်။