G7 အနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုကို ရပ်တန့်ရန် တရုတ်နိုင်ငံ တိုက်တွန်း

G7 အနေဖြင့် ၎င်းတို့၏ ပြဿနာများကိုသာ အလေးအနက်ထားစဉ်းစားရန်၊ စစ်အေးခေတ်သဘောထားနှင့် အတွေးအမြင်ဆိုင်ရာဘက်လိုက်မှုကို စွန့်လွှတ်ရန်နှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု ရပ်တန့်ရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်း က ဧပြီလ ၁၈ ရက်နေ့က တိုက်တွန်းပြောကြားခဲ့သည်။

G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက တရုတ်နိုင်ငံ၏ ခိုင်မာသောရပ်တည်ချက်နှင့် ရှိနှင့်ပြီးသောအမှန်တရားများကို လျစ်လျူရှုလျက် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို အလွန်အကျွံ ဝင်ရောက်စွက်ဖက်ခဲ့ကြောင်းနှင့် မလိုမုန်းထားမှုရှိစွာ အသရေဖျက်၍ ဂုဏ်သိက္ခာချခဲ့ခြင်းဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။