မင်္ဂလာနံနက်ခင်းပါရှင်…

လူ့ဘဝမှာ ချမ်းသာခြင်းဆိုတာဟာ ငွေကြေးကြွယ်ဝမှုနဲ့ မဆိုင်ပါဘူး။ ဝဋ္ဋ်ကြွေးကျေမှ တကယ်ချမ်းသာမှာ..။
<><><>

ရေစက်ကြောင့်ဆုံဆုံ
ကံကြောင့် ဆုံဆုံ
ဆုံရခြင်းဟာ ဘာမှမကြာ ခဏလေးပါ..။

ထာဝရထင်ပြီး
ပေါင်းဆုံလိုက်ကြပေမယ့်..
ရှင်ကွဲ သေကွဲ
တစ်ခုခုနဲ့ ခွဲခွါရမှာက နိယာမပဲလေ..။

ချစ်နေရတာလည်း ဝဋ္ဋ်ကြွေး
မုန်းနေရတာလည်း ဝဋ္ဋ်ကြွေး
ကိလေသာ မကုန်သေးသမျှ
ဒီဝဋ္ဋ်ကြွေးတွေ ဆပ်နေရဦးမှာပါ..။

ချစ်ခြင်းမုန်းခြင်းတွေကို
မြဲမယ်အထင်နဲ့
စွဲနေလိုလည်း သံသရာက ရှည်ရတာပါ..။

အလိုကျနေတုန်း
ချစ်စိတ်တွေဖြစ်ကြပြီး
အလိုမကျတော့ရင်
မုန်းစိတ်ပြောင်းသွားတာလည်း ခဏလေးပါ။

မချစ်, မမုန်း
ဥပေက္ခာသုံးနိုင်မှ
ဝဋ္ဋ်ကြွေးလျော့လို
အနေတော်ပြီး အသေ,မချော်မှာပါ..။

အားလုံးဟာ
ခဏလေးပါလားလို…
တိတိကျကျ လက်ခံနိုင်တဲ့တစ်နေ့.
ဝဋ္ဋ်ကြွေးတွေကျေအောင် ဆပ်နိုင်သွားမှာပါ..။

သဗ္ဗေ သတ္တာ သုခိတာ ဟောန္တု..။

အရှင်နန္ဒိယ(သာကီနွယ်)