မင်္ဂလာရှိသောနံနက်ခင်းလေးပါ

🌷ရလာဒ်ကောင်းများထွက်ပါစေ🌷

မိမိရဲ့ တစ်နေ့တာ သုံးစွဲမှုဥစ္စာဟာ
ဘယ်နေရာတွေမှာ ကုန်နေလဲဆိုတာ
သေချာစီစစ်ဖို့ ကောင်းပါတယ် ။

ဥစ္စာတွေဝာာကုန်သွားတယ်
ကုသိုလ်တွေ မရလိုက်ဘူးဆိုရင်
နေ့တွက်ဟာမမြတ်ဘူးလို့ဆိုရမှာပါ ။

ပညာတွေသာ များစွာသုံးလိုက်ရတယ်
သူများတွေ စိတ်မချမ်းသာရဘူး
ကုသိုလ်မဖြစ်ပွားရဘူးဆိုရင်လည်း

အဲ့ဒီနေ့ရက်အတွက်
မိမိပညာရဲ့တန်ဖိုးဟာမမြတ်ပါဘူး ။

အချိန်တိုင်း ကံတွေတော့ဖြစ်နေတယ်
ကိုယ့်ကံတွေက ကုသိုလ်မဖြစ်ပဲ

အကုသိုလ်တွေဖြစ်နေတယ်ဆိုရင်လည်း
နေထိုင်မှုတွေဟာ အမြတ်မရှိပါဘူး ။

သုံးလိုက်ရတာနဲ့အမျှ
အကျိုးရလာဒ်ကောင်းမရဘူးဆိုရင်
ကိုယ့်ဘ၀ဟာ အဓိပ္ပါယ်မရှိနိုင်ပါဘူး ။

ကုသိုလ်ဖြစ်အောင်သုံးမယ်
အလိုနည်းအောင် ကျင့်သုံးမယ်

ကံတွေစင်ကြယ်အောင် ကြိုးစားနိုင်မှ
ကိုယ်ရဲ့ဘ၀ဟာအဖိုးတန်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

မေတ္တာများစွာဖြင့်ပြန်လည်မျှဝေအပ်ပါသည်