ပုဒ်မ (၅၀၅) အကြောင်းသိကောင်းစရာ

ပုဒ်မ ၅၀၅ (က)
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိအား သို့မဟုတ် စစ်သည်အား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာတာဝန်ဝတ္တတရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော် လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့မဟုတ် ထိုသို့ပြုလုပ်စေသည့် အကြောင်းရှိလျှင်
ပုဒ်မ ၅၀၅(ခ)
မည်သူမဆို ဖော်ပြချက်ကို ဖြစ်စေ၊ ကောလာဟလကိုဖြစ် စေ၊ သတင်းကိုဖြစ်စေ ပြုလုပ်ရာတွင်၊ သို့မဟုတ် ထုတ်ပြန်ကြေ ညာရာတွင်၊ သို့မဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူမှ ကျူးလွန်ချင်လာအောင် အများပြည်သူကိုဖြစ်စေ၊ အများပြည်သူ၏သီးခြားလူစုကိုဖြစ်စေ၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန်အကြံရှိလျှင် သို့မဟုတ်-ထိုသို့ဖြစ်စေသည့် အကြောင်းရှိလျှင်
ပုဒ်မ ၅၀၅ (ဂ)
လူအချင်းချင်း၊ လူမျိုးစုအချင်းချင်းဖြစ်စေ၊ တစ်ဘက်နှင့် တစ်ဘက်ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ခြင်း၊ လှုံ့ဆော်ရန်အကြံရှိလျှင်
ထိုသူအား ထောင်ဒဏ်၂ နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်နိုင်သည်။
-ကနဦးကပင် ဝရမ်းထုတ်ပေးနိုင်သည် (ရာဇဝတ်ကျင့်ထုံး နောက်ဆက်တွဲဇယား-၂ ဖော် ပြချက်အရဖြစ်သည်။ တရားသူကြီးက ခံဝန်ဝရမ်းဖြင့်ဖြစ်စေ၊ ခံဝန်မဲ့ဝရမ်းဖြင့်ဖြစ်စေ၊ သမ္မန်စာ ထုတ်ဆင့်၍ဖြစ်စေ တရားခံကို ဆင့်ဆိုနိုင်သည်)။
-ကျေအေးခွင့်မရှိပါ (အမှုပြေ ငြိမ်းလိုပါက ရုပ်သိမ်းခြင်းပြုနိုင်ပါသည်)
-မြို့နယ်တရားရုံးများတွင်စီရင်ပိုင်ခွင့်ရှိသည်။

credit.google news