ကချင်ပြည်နယ်၊ မိုးမောက်မြို့အရှေ့ဘက်ရှိ KIA စခန်းအား စီးနင်းတိုက်ခိုက်

အောက်တိုဘာ ၂၂ ရက်
ကချင်ပြည်နယ်၊ မိုးမောက်မြို့အရှေ့ဘက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက KIA အင်အား ၃၀ ဦးတို့စခန်းချရာ
တောင်ကုန်းနေရာကို စီးနင်းတိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA အဖွဲ့များ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ပါတယ်…
သိမ်းပိုက်ထားသောနေရာမှ
-KIA ယူနီဖောင်း ၁၂ စုံ
-KIA ဦးထုပ် ၂ လုံး
-ကျည်ကာဦးထုပ် ၇ လုံး
-အိုင်ကွန် ၁ လုံး
-ဖျူးစ် ၁၃ ခု
-သဲအိတ်ဘန်ကာ ၁ လုံး
-တဲ ၁၅ လုံး
-ပစ်ကျင်း ၂၅ ကျင်း
-ဆက်သွယ်ရေးမြောင်း ၁၃၀၀ ပေ
-ထိပ်တုန်း ၁ ခုတို့အား သိမ်းဆည်းရမိခဲ့ပါတယ်…
တပ်မတော်ဘက်က တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ပြီး
KIA အဖွဲ့ဆုတ်ခွာသွားသောနေရာသို့ လိုက်လံရှင်းလင်းလျက်ရှိပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဟု သိရှိရပါတယ်…