ရေဦးမြို့နယ်၊ ဖလန်ကုန်းကျေးရွာအနီးတွင် PDFအလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မတ်လ ၄ ရက် နံနက် ၆ နာရီခွဲခန့်တွင် ရေဦးမြို့နယ်၊ ဖလန်ကုန်းကျေးရွာအနီးတွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် အပြစ်မဲ့ပြည်သူများအား ဆက်ကြေးကောက်ပြန်ပေးဆွဲ အကြောင်းမဲ့သတ်ဖြတ်နေသည့် PDF များနှင့် လုံခြုံရေးအဖွဲ့ဝင်များ ထိတွေ့တိုက်ပွံဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
PDF များအနေဖြင့် လုံခြုံရေးအဖွဲ့ဝင်များ၏တိုက်ခိုက်မှုဒဏ်ကို မခံနိုင်တော့ဘဲ ထွက်ပြေးသွားကြောင်း သိရှိရပြီး အကြမ်းဖက်သမားများထံမှ

  • PDF အလောင်း—၅ လောင်း
  • အမ်-၂၂ သေနတ် —-၁လက်
  • လက်လုပ်သေနတ် —-၂ လက်
  • လက်လုပ်စိန်ပြောင်းဗုံးသီး —-၂ လုံး
  • လက်လုပ်မိုင်း —–၁၁ လုံး
  • ကျည်အိမ် —-၁ ခု
  • ကျည်ဆံ —–၁၀ တောင့်
  • ပြောက်ကျား ယူနီဖောင်း —–၅ စုံ
  • လည်စီး ——၂ ထည်တို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရပြီး ထွက်ပြေးသွားသော PDF များနောက်သို့ လုံခြုံရေးအဖွဲ့ဝင်များက ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရပါတယ်။