သိန်းနီမြို့နယ်၊ တွန်းတီးရွာအရှေ့ဘက်တွင်တိုက်ပွဲဖြစ်ပွား

ဖေဖော်ဝါရီ ၇ ရက်တွင် တပ်မတော်စစ်ကြောင်းများက သိန်းနီမြို့နယ်၊
ရေပူစစ်ဆေးရေးဂိတ်အရှေ့တောင်ဘက်တွင် AA သောင်းကျန်းသူ ၇ ဦးခန့်ကို တွေ့ရှိ၍
စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးသောင်းကျန်းသူများ အရှေ့ဘက်သို့
ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်…

ဆုတ်ခွာသွားသော သောင်းကျန်းသူနောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံပိတ်ဆို့ရှင်းလင်းရာ
တွန်းတီးရွာအရှေ့ဘက်အရောက် MNDAA/AA နဲ့ PDF အကြမ်းဖက်သမားပူးပေါင်းအဖွဲ့အင်အား ၇၀ ဦးခန့်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်းမှ-

PDF အကြမ်းဖက်သမားအလောင်း ၁ လောင်းရရှိခဲ့ကြောင်းသိရှိရပါတယ်။