မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဖောင်ချောင်းကျေးရွာကို ပြည်သူ့စစ်တပ်ဖွဲ့ဝင် များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဧပြီလ ၂၉ ရက်နေ့တွင် ပစ်ခတ်ဝင်ရောက် ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှား များကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အမှန်မှာ  PDF အမည်ခံအကြမ်းဖက်သမားများက  ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကို အားပေးထောက်ခံခြင်းမရှိသည့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ ညောင်ဂျစ်ပင်ကျေးရွာနှင့် ရေလာလေးကျေးရွာတို့ကို ဒရုန်းများ၊ လက်လုပ်လက်နက်ကြီး များဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ၊ ရေလာလေးကျေးရွာမှ ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး၊ ၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပါသည်။ ထို့နောက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ပြန်လည် တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

ထိုသို့ ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သမားများမှ အနီးဝန်းကျင်ရှိ ဖောင်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ်များမီးလောင်ပျက်စီးခဲ့ရခြင်း ဖြစ်ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ခြင်းမဟုတ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရှိရပါသည်။