အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်းကို မေ ၂၃ ရက်မှ စတင်လက်ခံသွားမည်

လာမည့်ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၃ ရက်မှ စတင်လက်ခံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရပါတယ်။

၂၀၂၄ -၂၅ ပညာသင်နှစ်၏ အခြေခံပညာကျောင်းအပ်လက်ခံခြင်းကို မေလ (၂၃) ရက်မှ မေလ (၃၁) ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ကျောင်းဖွင့်ချိန်မှာ ဇွန် (၃) ရက်ဖြစ်တယ်လို့လည်းသိရပါတယ်။

ကျောင်းအပ်နှံရေးနေ့တွင် ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံး စာရေးကိရိယာများကို အခမဲ့ ဖြန့်ဝေပေးသွားမယ်လို့လည်းသိရပါတယ်။ #Crd