တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင် သတင်းစာရှင်းလင်းပွဲမှာ ဓါးထိုးခံရ

တောင်ကိုရီးယားအတိုက်အခံခေါင်ဆောင် လီဂျေးမြောင်ဟာ ဘူဆန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်နေချိန်မှာ ဓါးထိုးခံခဲ့ရကြောင်း သိရပါတယ်။ ၂၀၂၂ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ မဲရလဒ်ကျဉ်းမြောင်းစွာနဲ့ ရှုးနိမ့်ခဲ့တဲ့ အတိုက်အခံခေါင်ဆောင်လီဂျေးမြောင်ဟာ ဇန်နဝါရီလ ၂ ရက်က ဓါးထိုးခံခဲ့ရတဲ့ဖြစ်စဉ်ကြောင့် လည်ပင်းဘယ်ဘက်ခြမ်းမှာ ဒဏ်ရာရရှိသွားခဲ့ပြီး သံသယရှိသူကို အခင်းဖြစ်ပွားရာနေရာတွင် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။