lack Hole တွေကို လေ့လာဖို့ အိန္ဒိယက သိပ္ပံဂြိုလ်တု သယ်ဆောင်ထားတဲ့ ဒုံးပျံကို လွှတ်တင်

အိန္ဒိယနိုင်ငံရဲ့ အာကာသအေဂျင်စီဟာ တွင်းနက် (Black Hole) တွေလိုမျိုး နက္ခတ္တဗေဒဆိုင်ရာ အရာဝတ္ထုတွေကို လေ့လာမဲ့ သိပ္ပံဂြိုလ်တု သယ်ဆောင်ထားတဲ့ ဒုံးပျံတစ်စင်းကို မနေ့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒုံးပျံကို အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒက်ရှ် ပြည်နယ်မှာရှိတဲ့ Sriharikota အာကာသစခန်းကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်က နာဆာက စတင်လုပ်ဆောင်ခဲ့ပြီးနောက် အိန္ဒိယရဲ့ ဒီမစ်ရှင်က ကမ္ဘာပေါ်မှာ ဒုတိယမြောက်ဖြစ်ကြောင်းသိရပါတယ်။