ကျားဘီလူးစစ်ကြောင်း ခေါင်းဘဲစားတယ်

(မူလသတ်ပုံအတိုင်း)
………………

စစ်ကိုင်း၊ ကသာ၊ ယင်းမာပင်၊ ပုလဲ၊ ထီးချိုင့်စတဲ့ အညာတစ်ကြောမှာ နာမည်ကြီးနေတဲ့ PDF အကြမ်းဖက်သမားတွေ ကြောက်နေကြတဲ့ ကျားဘီလူးစစ်ကြောင်းက ဘာလဲ?

ကျားဘီလူးစစ်ကြောင်းဆိုတာ ခုမှ နာမည်ထကြီးလာတာမဟုတ်ပါဘူး။ အရင်တည်းက PDF တွေ အညာဒေသကို ဝင်လာတည်းက လိုက်ပြီး ရှင်းလင်းနေတဲ့ စစ်ကြောင်းလည်း ဖြစ်ပါတယ်။

ထီးချိုင့်ကို အင်အားအလွန်အကျွံနဲ့တိုက်နေတဲ့ PDF တွေကိုပြန်တိုက်ပြီး မြို့ထဲက မောင်းထုတ်ခဲ့တာ ကလည်း .. ကျားဘီလူးစစ်ကြောင်းပဲ။

သူတို့အကြောင်းကို စပြီးသတိထားမိလာတာက မနှစ်က လိုင်းပေါ်မှာ ပျံ့လာတဲ့ ဗီဒီယိုထဲမှာ PDF အယောက် ၂၀ ကျော်လောက်ကို ကြိုးနဲ့တုပ်ပြီးဖမ်းထားတဲ့ စစ်ကြောင်းတစ်ကြောင်းရဲ့ အကြောင်းပါ။

ကျားဘီလူးစစ်ကြောင်းကို ဘယ်လိုဖွဲ့ထားလဲဆိုရင် ကျားဘီလူးဆိုတာက သမရိုးကတပ်ရင်း၊ စစ်ကြောင်း တစ်ခုမဟုတ်ဘူး။ တပ်ရင်းတပ်ဖွဲ့အသီးသီးက ကြမ်းပေ့၊ ရမ်းပေ့၊ သန်ပေ့၊ မိုက်ပေ့ဆိုတဲ့ စစ်သည်တွေနဲ့ ဖွဲ့ထားတဲ့ အထူးတပ်ဖွဲ့လိုပဲ ဆိုရမယ်။

စစ်တပ်မှာ အကြမ်းဆုံး၊ အရမ်းဆုံး စစ်သားတွေနဲ့ဖွဲ့ထားတယ်။ နောက်တန်းမှာဆိုရင်တော့ အံ့ဝင်ခွင်ကျဖြစ်အောင် ယူနီဖောင်းကို သပ်သပ်ရပ်ရပ် မ၀တ်တတ်ပေမယ့် ရှေ့တန်းမှာဆိုရင်တော့ သေနတ်တစ်လက်ကို ဘယ်လိုအသုံးချရမယ် .. ရန်သူကို ဘယ်လို သ-တ်-ဖြ-တ်-ရမယ်ဆိုတာ ကောင်းကောင်းသိတဲ့ ကျားဘီလူးစစ်ကြောင်းပါ။

အဲ့ဒီစစ်ကြောင်းကို ခေါင်းဆောင်တဲ့ အရာရှိတွေကလည်း ကြမ်းရမ်းပြီး ဘယ်လောက်ဆိုးရမ်းပေတေနေပါစေ အမိန့်တစ်ခုကိုတော့ သူတို့က နာခံတတ်တယ်။ လက်ရဲဇက်ရဲ စစ်ဦးဘီလူးတွေဆိုတဲ့အတိုင်း ဘီလူးသရဲစီးသလို တိုက်ခိုက်တတ်ကြလို့ သူတို့ကျားဘီလူးစစ်ကြောင်းကို ခုဆိုရင် PDF နဲ့ KIA တွေက သတိထားဖို့အထိ အမိန့်ထုတ်ထားရပြီ။

ကျားဘီလူးလို စစ်ကြောင်းဆိုတာ တပ်မတော်မှာ အခုမှ ပေါ်လာတာမဟုတ်ပါဘူး။ ဟိုးအရင်က ကရင်ပြည်နယ်ထဲမှာ KNU တွေ အင်အားကောင်းတုန်းကပေါ်ခဲ့ဖူးတဲ့ သိမ်းငှက်လို့ အမည်ဝှက်ပေးထားတဲ့ တပ်ဖွဲ့ပုံစံပါ။

သိမ်းငှက်လို့ ခေါ်တဲ့ တပ်ဖွဲ့အကြောင်းကို စစ်သားတော်တော်များက မသိကြဘူး။ သူတို့အကြောင်းက ပုံပြင်ဆန်ဆန် ဒဏ္ဍာရီဆန်ဆန် တပ်ဖွဲ့ပဲ။ သူတို့ရဲ့ခေါင်းဆောင်ဘယ်သူလဲ ဘယ်သူတွေပါလဲ ဘယ်လိုလူတွေနဲ့ ဖွဲ့ထားလဲဆိုတာ သူတို့နဲ့ တိုက်ရိုက်ကွပ်ကဲနေတဲ့ အကြီးဆုံးတစ်ယောက်ကလွဲရင် ကျန်တဲ့ ဘယ်စစ်သား၊ အရာရှိကမှ သူတို့ကို တပ်မတော်ကပါဆိုတာ မသိကြဘူး။

သူတို့ရဲ့ ပုံစံတွေက KNU ငပွေးတွေလိုပဲ ပျောက်ကြားဝတ်စုံနဲ့ ဆံပင်အရှည်ထားတယ်။ ကရင်စကားပြောတယ်။ ကရင်ရွာတွေက ကရင်မတွေနဲ့ယူထားတယ်။ မိုင်းထောင်ကျွမ်းတယ်။ တောကျွမ်းတယ်။ လုပ်ရဲကိုင်ရဲကြတဲ့အတွက် သိမ်းငှက်အဖွဲ့ဆိုရင် ငပွေးတွေက အချင်းချင်းမှားပြီး ပစ်ကြတဲ့အထိ ကြောက်ခဲ့ရတယ်။

ခုလည်း အညာတစ်ကြောမှ ကြမ်းရမ်းနေတဲ့ ဘီလူးစစ်ကြောင်းဆိုတာ ပေါ်လာပြီ။ ဘီလူးစစ်ကြောင်းမှာ အင်အားဘယ်လောက်နဲ့ဖွဲ့ထားတယ်ဆိုတာ မသိ‌ရပေမယ့် PDF တွေကတော့ ‌နာမည်ကြားရုံနဲ့ ရှောင်ထွက်သွားတဲ့အဖွဲ့တွေတောင် ရှိနေတယ်လို့ ကြားနေရတယ်။

ကျားဘီလူးစစ်ကြောင်းဆိုတာ ဘီလူးစစ်ကြောင်းရဲ့ လက်ခွဲတပ်တစ်တပ်လို့လဲ သိရတယ်။ ပြီးခဲ့တဲ့လတွေက ထီးချိုင့်၊ ကသာဖက်မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ -သေ-နေတဲ့ PDF အလောင်းတွေရဲ့ ဘေးမှာ ကျားဘီလူးစစ်ကြောင်းဆိုပြီးရေးထားခဲ့တာ တွေ့ရတယ်လို့ PDF တွေဖက်က ထုတ်ပြောလာနေတယ်။

ကျားဘီလူးစစ်ကြောင်းအကြောင်းကို သိချင်လို့ PDF တွေက အသည်းအသန် စုံစမ်းနေကြတယ်လို့ ကြားနေရပြီ။

အဲ့ဒါကတော့ လတ်တလော PDF တွေ ကြောက်နေကြတဲ့ ကျားဘီလူးစစ်ကြောင်းရဲ့ အကြောင်း‌ပါပဲ။

သေချာတာကတော့ ကျားဘီလူးတွေက အညာဒေသမှာ ပဒက်ခေါင်းတွေလိုက်စားဖို့ ပြင်နေပြီဆိုတာပါပဲ။

CRD; htinmyataung