Hijet ယာဉ်တစ်စီး အမြန်လမ်းမှာဘီးပေါက်တိမ်းမှောက်

ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ် (၃၁၆/၁) နဲ့ (၃၁၆/၂)ကြားမှာ ဒီဇန်နဝါရီ ၁ ရက် နေ့လယ် ၂နာရီ ဝန်းကျင်က အမျိုးသား (၄)ဦးနဲ့ အမျိုးသမီး (၅)ဦး စုစုပေါင်း မိသားစု (၉)ဦးတို့ လိုက်ပါလာတဲ့ Hijet ကားတစ်စီးဟာ မန္တလေးက ဈေးဝယ်ပြီးအပြန် ဘီးပေါက်ပြီး ဘယ်ရီယာတုံးကို ဝင်ရောက်တိုက်မိခဲ့ရာကနေ ကလေးငယ်တစ်ဦးသေဆုံးခဲ့သလို အမျိုးသမီး ၂ ဦးလည်း ပြင်းထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။