ထိုင်းသို့ ပြည်တော်မပြန်သေးတဲ့ သက်ဆင်က ဟွန်ဆန်မွေးနေ့ပွဲသို့ တက်ရောက်ခဲ့

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာနဲ့ သူ့ညီမ ယင်းလပ်တို့ဟာ ဩဂုတ် ၅ ရက်တုန်းက ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မွေးနေ့ပွဲကို တက်ရောက်ခဲ့ကြတယ်လို့ ဖနောင်ပင်ပို့စ်မီဒီယာကို ကိုးကားပြီး ဘန်ကောက်ပို့စ်က သတင်းဖော်ပြခဲ့ပါတယ်။

သက်ဆင်နဲ့ ယင်းလပ်တို့ဟာ ကမ္ဘောဒီးယားနိုင်ငံ၊ တာခမောင်ဒေသမှာ ကျင်းပတဲ့ ဟွန်ဆန်ရဲ့ ၇၁ နှစ်ပြည့်မွေးနေ့ပွဲကို တက်ရောက်ခဲ့ကြကြောင်း Fresh News နဲ့ ဖနွမ်ပင်ပို့စ်တို့က အသီးသီး ရေးသားခဲ့ကြပါတယ်။

အဲဒီမွေးနေ့ပွဲတက်ရောက်ဖို့ ကမ္ဘောဒီးယားသို့ သူတို့မောင်နှမ နှစ်ယောက် တစ်ညအိပ်ခရီး ရောက်ရှိခဲ့ကြတာပါ။

(Myanmar Platform)