NUG ဝန်ကြီးဆိုသူများ၏ ညွှန်ကြားမှုဖြင့် PDF များ အကြမ်းဖက် လုပ်ရပ်များကိုကျူးလွန်နေကြောင်း အာဆီယံဆွေးနွေပွဲမှာမြန်မာပြော

ထိုင်းနိုင်ငံ၊ ပတ္တရားမြို၌ ဇွန်လ ၁၈ ရက်နှင့် ၁၉ ရက်များတွင် ပြုလုပ်ခဲ့သည့် မြန်မာအရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲ၌ NUG ဝန်ကြီးဆိုသူများ၏ ညွှန်ကြားမှုဖြင့် PDF များက ဘုန်းတော်ကြီး ၆၉ ပါး၊ ကျောင်းသားကလေးငယ် ၁၈၇ ဦး၊ ဆရာ ဆရာမ ၇၇ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ စစ်မှုထမ်းဟောင်းများ၊ ဆန့်ကျင်ဘက် ပါတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအပါအဝင် နိုင်ငံ့ဝန်ထမ်း ၉၅၃ ဦး စသည့် လက်နက်မဲ့ပြည်သူများ ၅၈၄၆ ဦးကို ဥပဒေမဲ့ ရက်စက်စွာသတ်ဖြတ်ထားကြောင်း၊ ပြည်သူလူထုကို အကာ အကွယ်ပေးရန် အစိုးရတွင်တာဝန်ရှိ၍ ဥပဒေနှင့်အညီ ပြန်လည်တိုက်ခိုက်နေခြင်းသာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။