တိုတောင်းလှတဲ့ ဘဝလေးမှာအနည်းဆုံးတော့ ပြုံးလိုက်ပါ

စိတ်ကောင်းထားပါ
စိတ်ကောင်းရှိသူတိုင်းဟာ လှနေပါတယ်။

ဘာမှမပိုင်ရင်တောင်
ဒီတစ်ခုကိုတော့ ပိုင်အောင် လုပ်သင့်ပါတယ်။

ဒေါသနဲ့ ဝေးဝေးနေပါ..
ဒေါသက နာကျင်မှုတွေပေးလို့ပါ
သင့် ကိုယ်တိုင်ကိုရော ပါတ်ဝန်းကျင်ကိုရောပေါ့။

၁ မိနစ် ဒေါသထွက်ရတိုင်း စက္ကန့် ၆ဝ စာ
ပျှော်ရွှင်မှုတွေ ဆုံးရှုံးသွားရတာကို မမေ့ပါနဲ့ ။

ကိုယ်က မှန်နေတယ်ဆိုရင် စိတ်ဆိုးနေစရာမလိုပါ။ တကယ်လို့ ကိုယ့်ဘက်က မှားနေတယ်ဆိုရင်လည်း ကိုယ်က ဘာမှစိတ်ဆိုးပိုင်ခွင့်မရှိတာကို နားလည်လိုက်ပါ။

မိသားစုဝင်တွေအပေါ်သည်းခံခြင်းဟာ .
ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတယ်။

တခြားသူတွေအပေါ် သည်းခံခြင်းဟာ
လေးစားမှုကို ဖော်ညွှန်းတယ်။

ကိုယ့်ကိုယ်ကို သည်းခံနိုင်ခြင်းဟာ
မိမိကိုယ်ကို ယုံကြည်မှုရှိတာကိုဖော်ညွှန်းတယ်.။

အခြေအနေတွေကို .
အလိုက်သင့် သည်းခံခြင်းဟာ
ကိုယ့်ရဲ့ ကိုယ်ရည် ကိုယ်သွေး အရည်အချင်းကို
ဖော်ညွှန်းတယ်။

အတိတ်အကြောင်းကို သိပ်မတွေးပါနဲ့ ။
မျက်ရည်တွေပဲ ကျလာရင်
ကိုယ်ပဲ ဝမ်းနည်းရမယ်လေ။

အနာဂတ်အကြောင်းကို သိပ်မတွေးပါနဲ့.
စိုးရိမ်ကြောက်ရွံ့မှုတွေ ၊ အားငယ်မှုတွေ က
သင့်ကို နှိပ်စက်လာလိမ့်မယ် .။

ပစ္စုပ္ပန် လက်ရှိအချိန်မှာ
အကောင်းဆုံးစိတ်ထား
အကောင်းဆုံး အလုပ်တွေနဲ့ နေထိုင်ပါ ။

ကောင်းချီးသြဘာတွေ
ဆိုက်ရောက် လာပါလိမ့်မယ်
ဒါက လက်ဆောင်မွန် ဖြစ်လာပါလိမ့်မယ်။

ဘဝ ရဲ့ စမ်းသပ်ချက်တိုင်းက
ပိုမိုကောင်းမွန်လာစေသလို
ပိုပြီးခါးသီးသွားစေနိုင်တာလည်း
ရှိတတ်တာကို မေ့မထားပါနဲ့ ။

ကြုံတွေ့ရတဲ့ ပြဿနာတိုင်းဟာ
အတွေ့အကြုံကောင်းကို
တည်ဆောက်ပေးနိုင်သလို
အမှားအဖြစ်လည်း သင့်ကို ချိုးဖျက်နိုင်ပါတယ်.။

ဒူးထောက်မလား ? ဆက်လျှောက်မလား ?
ဆိုတာကတော့ သင့်ရွေးချယ်မှုအပေါ်မှာပဲ
မူတည်နေပါတယ်။

လှပတဲ့အရာတိုင်းဟာ
အမြဲတမ်း မကောင်းနိုင်ပေမယ့်
ကောင်းတဲ့အရာတိုင်းကတော့
အမြဲတမ်းလှပနေပါတယ်။

ပြောရရင် လှတာထက်
ကောင်းတာကို ဦးစားပေးဖို့ပါ ။

ပျော်ရွှင်မှုဟာ သင့်ကို ချစ်ဖွယ်သော
အရာတွေကို ယူဆောင်ပေးတယ် ။

ဒါကြောင့် ..
အမြဲပျော်ရွှင်နေရအောင်
တတ်နိုင်သမျှ ကြိုးစားသင့်တယ်။

အနည်းဆုံးတော့ ပြုံးလိုက်ပါ ။

ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
🙏🙏🙏