KIA ရဲ့ အိမ်မက်အတွက် စတေးခံ အင်ခေါင်းပါရွာ

မြေရှားသတ္တုတူးဖော်သည့်လုပ်ငန်းအား KIA အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဦးစီးပြီး မိုးမောက်မြို့နယ်၊ အင်ခေါင်းပါကျးရွာတွင် တူးဖော်ဆောင်ရွက်နေပါတယ်။

ကမ္ဘာ့နိုင်ငံများတွင် မြန်မာနိုင်ငံသည် မြေရှားသတ္တုတင်ပို့မှုတတိယအများဆုံးနိုင်ငံဖြစ်ပြီး အဆိုပါသတ္တုတူးဖော်မှုများကို ကချင်ပြည်နယ်ရှိမြို့နယ်အချို့တွင် တရားမဝင်တူးဖော်ကာ တရုတ်နိုင်ငံသို့ သူခိုးဈေးဖြင့် အဓိကတင်ပို့နေကြပါသည်။

ဒေသခံပြည်သူများက ကန့်ကွက်နေသော်လည်း မြေရှားသတ္တုတူးဖော်ရာတွင်အသုံးပြုသော ပစ္စည်းများကို နေ့စဉ်နှင့်အမျှ ဆယ်နှစ်ဘီးကားများဖြင့် သယ်ယူနေကြောင်းနှင့် KIA အကြမ်းဖက်များကလည်း အကျိုးအမြတ်များစွာရရှိသဖြင့် ဒေသခံပြည်သူများ၏ အကျိုးစီးပွား ကျန်းမာရေးများကို ဂရုမစိုက်ပဲ ခြိမ်းခြောက်အကြပ်ကိုင်၍ လုပ်ကိုင်ခိုင်းစေနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ အကြမ်းဖက် KIA များအနေဖြင့် ဝမ်ပေါင်နိုင်ငံထူထောင်ရေး အိမ်မက်အကောင်အထည်ဖော်ရေး ပိုက်ဆံအများအပြားရနေသော ကျောက်စိမ်း၊ မူးယစ်ဆေးဝါးများနှင့် မြေရှားထူးဖော်ရေးကို အဓိကထား ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ မြေရှားအများအပြားထွက်ရှိတဲ့ အင်ခေါင်းပါကျေးရွာတွင် တူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်လာခဲ့ရာ ယခုဆို ၂ နှစ်အတွင်းရောက်ရှိလာပြီး ဒေသခံပြည်သူများအနေဖြင့် မြေရှားသတ္တူများနှင့် အတူ ပူးတွဲပါလာတတ်တဲ့ မလိုလားအပ်သော သတ္တူများကြောင့် ယခုဆိုရင် အရေပြားရောဂါများ စတင်ခံစားနေရပြီလို့ သိရပါတယ်။ ဒီလိုရောဂါများကို ခံစားလာရခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် “ကန့်ကွက်ပေမဲ့လည်း မထိရောက်ဘူးဖြစ်နေတာ။ နေ့လည်းနေ့၊ ညလည်းည စမ်းသပ်နေကြတယ်။ တစ်နေရာတောင်ကျန်မဲ့အနေအထားမရှိဘူး။ လောပန်းတွေကတော့ တရုတ်တွေပဲဟုတ်တယ်။ ရွာလူကြီးတချို့ကလည်း အဲ့လိုတူးလိုက်ပေမဲ့ ဘာမဆိုစိုက်ပျိုးလို့ရတယ်ပြောတယ်၊ လောပန်းတွေကလည်း အဲ့နေရာတွေမှာပိုပြီး စိုက်ပျိုးလို့ရတယ်လို့ပြောတယ်။ ကျွန်တော်တော့အရမ်းအံဩတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။

မံစီမြို့နယ်၊ ဒိန်ဆိန်းပါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးကုမ္ပဏီများသည် ဒေသခံများအပြင်းအထန် ကန့်ကွက်ခဲ့သောကြောင့် မေလ ၂ ရက်နေ့က အပြီးအပိုင် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။