မုန့်ကုလားမဲလုပ်နည်း

ဒီနေ့မှာတော့ မင်မင့်လို အစားချစ်သူလေးတွေအတွက် အပြင်မှာ ဝယ်စားစရာမလိုအောင်
မုန့်ကုလားမဲ လုပ်နည်းလေးကို ကူးယူတင်ပေးလိုက်တယ်နော်…
ပါဝင်ပစ္စည်းများ
၁။ ကောက်ညှင်းငချိတ် – ၂ ခွက် (ပေါင်းအိုးဆန်ချိန်ခွက်)
၂။အုန်းနို့ – 400 ml
၃။ သကြား – ၂၅ဝ ဂရမ်
၄။ထောပတ် – ၁၅ဝ ဂရမ်
၅။ဘိန်းစေ့ – အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
၁။ ကောက်ညှင်းငချိတ်ကို ရေဆေးသန့်စင်ပြီး တစ်ည သို့မဟုတ် ၆ နာရီခန့် စိမ်ထားပါ။
၂။ ရေစိမ်ပြီးသားငချိတ်ကို ရေတစ်ကြိမ်ပြန်ဆေးကာ ရေစစ်ထားပါ။
၃။ ကြိတ်စက်တွင် ရေစစ်ထားသောငချိတ်ကို ချောမွေ့လာ သည်ထိ ကြိတ်ပေးပါ။
၄။ အုန်းနို့ထည့်မွှေပါ။
၅။ သကြားနှင့် ထောပတ်ထည့်ပြီး အနေတော်မီးဖြင့်တည်ကာ အဆက်မပျက်မွှေ ပေးပါ။
၆။ မုန့်သားညက်ပြီး ဆီပြန်လုံးလာသည်ထိမွှေပေးကာ ဆီသုတ်ထားသောဗန်း တွင်ထည့်ပြီး
မျက်နှာပြင်ညီအောင်ပြုလုပ်ပါ။
( ဘိန်းစေ့ဖြူးလိုပါက လှော်ပြီးသား ဘိန်းစေ့ဖြူးကာ အအေးခံထားပါ။မုန့်သားလုံးဝအေးသွားလျှင်
လိုသလိုလှီး ဖြတ်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။)
(ဒယ်အိုးဖြင့်မတည်ဘဲ မိုက်ခရိုဝေ့ဖ်တွင်ပြုလုပ်လိုပါက အပူခံဖန်ပန်းကန်တွင် ထည့်ပြီး ၂ မိနစ်တစ်ကြိမ်
ထုတ်ပြီး သမအောင်မွှေပေးပါ။ အသုံးပြုသည့် မိုက်ခရိုဝေ့ဖ်အားပေါ်မူတည်ပြီး ၁ဝ မိနစ်မှ ၁၅ မိနစ်ကြာပါမယ်။)