အီထယ်ဝန်ရဲ့ကမ္ဘာပျက်တဲ့ Halloween

အီထယ်ဝန်ရဲ့ကမ္ဘာပျက်တဲ့ Halloween — ⚫️

ပထမတော့ ‘မတွန်းပါနဲ့ — မတွန်းပါနဲ့’ လို့ သီချင်းဆိုသလို နောက်ပြောင်ပြီး သံပြိုင်အော်နေကြသေးတယ်။

ခဏလောက်လည်းကြာရော ‘အား’ ဆိုတဲ့ အသံနက်ကြီးတွေ ဆက်တိုက်ကြားရတော့တာပဲ။

❝ ကယ်ကြပါ— အရှေ့ကိုနည်းနည်းတိုးပေးကြပါ— သေတော့မယ်— အား သေပါပြီ ❞ နဲ့ ကမ္ဘာပျက်တဲ့ည။

၂၀၂၂ ရဲ့ Halloween ပါတီက တောင်ကိုရီးယားမှာတော့ တကယ့်သွေးတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။

⚫️

ကိုရိုနာရောဂါကပ်ဘေးဆိုက်ပြီး ဆိုးလ်မြို့ရဲ့ Itaewon မှာ Halloween ပါတီ ပျော်ပွှဲရွှင်ပွဲတွေ ကလပ်တွေ ပိတ်ထားခဲ့တာမို့ ပျော်ပွှဲရွှင်ပွဲငတ်နေတဲ့သူတွေ စုပြုံပြီးရောက်နေကြတယ်။ လူပေါင်း တစ်သိန်းကျော်ပါတယ်။

ပြီးတော့ အစုလိုက်အပြုံလိုက်သေဆုံးသွားကြတယ်။ များသောအားဖြင့် ၁၀ ကျော်သက်နဲ့ အသက် ၂၀ ကျော်တွေများတယ်။

⚫️

ဒီနေ့ (တနင်္ဂနွေနေ့ ) အထိ 𝑺𝑩𝑺 သတင်းဌာနက 𝑳𝒊𝒗𝒆 သတင်းအရ မီးသတ်အာဏာပိုင်တွေ နောက်ဆုံးတင်ပြချက်အရ အနည်းဆုံး လူ ၁၅၁ ယောက် (မိန်းကလေး ၈၇ ယောက်၊ ယောက်ျားလေး ၅၄ ယောက်) သေဆုံးသွားပြီး ၈၂ ယောက် ကျော် ဒဏ်ရာရရှိနေပြီ။

ဒဏ်ရာရတဲ့သူတွေထက်စာရင် သေသွားတဲ့သူတွေက ပိုများပါတယ်။

⚫️

ဒိုမီနိုဂိမ်းကို လက်နဲ့တောက်ချလိုက်သလို လူတွေတစ်ယောက်ပြီးတစ်ယောက် ပိပြီး — ပွဲချင်းပြီးသေဆုံးသွားကြတာဖြစ်တယ်။

တန်းစီနေတဲ့ လမ်းလေးကကျဉ်းတဲ့အပြင် ကုန်းအဆင်းဆိုတော့ လူအုပ်ကြီးကတွန်းတဲ့အခါ ကုန်းအဆင်းနားကလူတွေက လမ်းခင်းပေးလိုက်သလို အရင်ဆုံးတန်းစီလဲကျတာ။ပြီးတော့ အနောက်က လူအုပ်ကြီးက သူတို့ပေါ်တက်နင်းကြတဲ့ဖြစ်ရပ်ပါ။

အသက်ရှူကြပ်နေတဲ့လူအုပ်ကြီးက အသက်ရှူလို့ ရအောင် အရှေ့က လူကို လက်နဲ့တွန်းထောက်ထားကြတယ်။ လက်နဲ့ အတွန်းခံရတဲ့သူတွေက တောင့်မခံနိုင်ရင် လဲကျပြီး အနင်းခံရတာပဲ။

ဘေးကိုလည်း ပြေးလို့မရ များသောအားဖြင့် လူအနင်းခံရပြီး အသက်ရှူကြပ်သေဆုံးသွားကြတယ်။

⚫️

၁၁၉ ကယ်ဆယ်ရေးအဖွဲ့က စနေနေ့ ည ၁၀ နာရီ ၁၅ မိနစ်— ၁၁၉ က ဖုန်းလက်ခံရပြီး လူတွေကြဲသွားအောင် မိနစ် ၂၀ အတွင်းလုပ်နိုင်ခဲ့တယ်။ ဒါတောင် အခုလို အများကြီးသေဆုံးသွားကြတာဖြစ်တယ်။

ပိုဆိုးတာက လူတွေပိတ်၊ လမ်းတွေပိတ်နေတော့ ဒဏ်ရာရနေတဲ့သူတွေကို အမြန်မကူနိင်ခဲ့ဘူး။

အခုအထိ ကယ်ဆယ်ရေးတွေလုပ်နေရတုန်းပါ။

⚫️

မနေ့ညက အိမ်မပြန်လာတဲ့ သူတွေ အီထယ်ဝန်မှာ ဒုက္ခရောက်နေလား စိတ်ပူပြီး ကျန်ရစ်သူမိသားစုက လူပျောက်တိုင်ကြားထားတာ အခု ဆို လူပျောက် ၁၄၀၀၀ ယောက်တောင်ရှိနေပြီ။

⚫️

အလောင်းက ရုတ်တရက် ၁၅၁ ခုတောင်မို့ အသုဘအဆောက်အဦးတွေက အခန်းတွေတောင် အလုအယက် ငှါးကုန်ကြရတယ်။ အသုဘအဆောက်အဦးမှာတွေပြည့်ကုန်တယ်။

အီထယ်ဝန် အနီးအနားက မိုးလုံလေလုံ အားကစားရုံလည်း အလောင်းတွေနဲ့ လူနာတွေနဲ့ အပြည့်— ပြီးတော့ အီထယ်ဝန်နဲ့ အနီးဆုံး ဆေးရုံ ၈ ခုဆီလူနာတွေကိုပို့ပေးနေကြတယ်။

ဆေးရုံတွေမှာ လူနာရဲ့ မိသားစုတွေနဲ့ စုပြုံနေတယ်။

⚫️

ဒီနေ့ မနက်မှာ အန္တရာယ်ရှိတဲ့ အဆင့် ၃ အခြေအနေလို့အဆင့်မြှင့်ပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေ တိုးပြီးကယ်နေကြပါတယ်။

မီးသတ်သမား ၃၆၄ ဦး အပါအဝင် စုစုပေါင်း အမှုထမ်း ၈၄၈ ဦးက အလုပ်လုပ်နေကြတယ်။ လူနာတင်ယာဉ် ၁၄၂ စီး က သွားလိုက်လာလိုက်လုပ်နေရဆဲပါ။

⚫️

ဆိုးလ်မြို့တော်ဝန် Oh Se-hoon လည်း ဒီကိစ္စကြောင့် သူ့ရဲ့ ဥရောပခရီးစဉ်က ချက်ခြင်းပြန်လာနေပါပြီ။

ဒီနေ့ မနက် သမ္မတ Yoon Suk-yeol ကိုယ်တိုင် လုံခြုံရေးတွေ အထပ်ထပ်လုပ်ကြဖို့ ပြောခဲ့တယ်။

❝ Halloween ပွဲတွေသာမက နောင် အခြားပွဲတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုံခြုံရေးအစီအမံတွေ ထပ်လုပ်ရမယ် ❞ လို့ သိရှိရပါတယ်ရှင်။

⚫️ ⚫️ ⚫️

မရွှေမိုး- ကိုရီးယား