🌲””ခရစ်စမတ်နေ့ (Christmas Day)”””” ဆိုတာ…🌲

🎄☃️ခရစ်စမတ်နေ့မှာခရစ်ယန်ဘာသာဝင်များအပါအဝင်အားလပ်ရက်ဖြစ်လိုလူအများပျော်ရွှင်ကြတယ်။

🎄☃️မြန်မာ့လူ့အဖွဲအစည်းဖြစ်‌ပေါ်တိုးတက်မှုမှာခရစ်ယန်ဘာသာဝင်များစုစည်းပါဝင်‌‌နေတာနှစ်ပေါင်းရာချီပါပြီ။

🎄☃️”””Chrismas “””အတိုကောက်””” ( X ) “”အက္ခရာဟာဂရိစကားလုံး “”Christo “””ကဆင်းသက်လာတယ်။ခရစ်ယန်ဘုရားကျောင်းများပေါ်ထွန်းလာတဲ့ရှေးဦးပိုင်းကာလမှာဘုရားကျောင်းအသင်းဝင်ကိုအခြင်းခြင်းသိအောင် (X) လျှိဝှက်သင်္ကတပေးထားခဲ့တာ။

🎄☃️””Christo “””ကနေအင်္ဂလိပ်စကာလုံး”” Christ”” ဖြစ်လာတာပါ။ “”Mas”” ကလူအများစုဝေးကြခြင်း၊ဒါကြောင့် “”X-Mas”” ဆိုတာ “”Christ Mass “”က
ဆင်းသက်လာတာပါ။

🎄☃️”””ခရစ်စမတ်နေ့ (Christmas Day)”” ဆိုတာယေရှုခရစ်တော်ဖွားမြင်တဲ့နေ့ဖြစ်ပါတယ်။

🤝ခရစ်စမတ်ကာလမှာမိသားစုများပြန်ဆုံတွေ့တယ်။
🤝မတ်ဆွေအပေါင်းအသင်းအသစ်ဖွဲကြတယ်။
🎁လက်ဆောင်အပြန်အလှန်ပေးကြပြီးအားလပ်ရက်မှာမိသားစုမှာပျော်ရွှင်ကြတယ်။

🎄☃️ရောမဧကရဇ် “””ကွန်စတန်တင်”””လက်ထက်ခရစ်သက္ကရဇ် ၃၆၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ပထမဆုံးခရစ်စမတ်နေ့အဖြစ်စတင်သတ်မှတ်ပြီးကမ္ဘာအရပ်ရပ်ခရစ်ယန်ဘာသာဝင်ရဲ့ဘာသာရေးဆိုင်ရာအားလပ်ရက်ဖြစ်ပါတယ်။

🎄☃️ရောမဧကရဇ် “”ကွန်စတန်တင်””(Constatine) ဟာပထမဦးဆုံးခရစ်ယန်ဘာသာဝင်ရောမဘုရင်ဖြစ်ပါတယ်။

🎄☃️ခရစ်ယန်သမ္မာကျမ်းစာအရယေရှုခရစ်တော်ကိုအခုအစ္စရေးနိုင်ငံက”””ဘက်သလီဟမ်( Bethlehem)””မှာ BC 6-1 (Before Christ ၆-၁ ရာစုအကြားစက်တင်ဘာလလယ်(သိုမဟုတ်)အောက်တိုဘာလဆန်းမှာမွေးဖွားခဲ့တယ်ခန့်မှန်းဖေါ်ပြထားတယ်။

🎄☃️ဒါပေမယ့်ခရစ်ယန်အများစုက ဒီဇင်ဘာ ၂၅ ရက်နေ့ကိုယေရှခရစ်တော်မွေးနေ့ယုံကြည်ကြတယ်။

🎄🎄”””ခရစ်စမတ်သစ်ပင်……”””

🎄☃️ခရစ်စမတ်သစ်ပင်က ခရစ်စမတ်ပွဲတော်နဲ့အတူ အမြဲတွဲတွေ့ရတဲ့ အမှတ်အသားတစ်ခုပါ။ ခရစ်စမတ်သစ်ပင်ကို တချိုက ရှေးရောမအင်ပါယာကSaturanalia လူမျိုးတွေရဲ့ ရိုးရာနတ်ပွဲမှာ အသုံးပြုခဲ့တဲ့ အမြဲစိမ်းသစ်ပင်က စတင်တယ်လို ဆိုပါတယ်။

🎄☃️ပထမဆုံး ခရစ်စမတ်သစ်ပင်ကို ၁၆၀၄ ခုနှစ်မှာ ဂျာမန်လူမျိုးတွေက အသုံးပြုခဲ့တယ်လို သိရပါတယ်။ ခရစ်စမတ်သစ်ပင်က တြိဂံပုံစံ အခြေကြီးမားပြီး အပေါ်ကျဉ်းမြောင်းသွားကာ အဖျားချွန်းပြီး ထိပ်ဆုံးမှာတော့ ကြယ်တစ်စင်းရှိရပါတယ်။ အဲဒီတြိဂံပုံစံရှိတဲ့ သစ်ပင်ကိုသူတော်စင် Saint Boniface က ပြုလုပ်ခဲ့တာပါ။

🎄☃️ Christmas tree ဆိုတဲ့ အင်္ဂလိပ်နာမည်အသုံးကတော့ ၁၈၃၅ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပါတယ်။ အခုခေတ် ခရစ်စမတ်သစ်ပင်တွေမှာ လက်ဆောင်ပစ္စည်းများ၊ မီးလုံးများနဲ့ အလှဆင်လာကြပါတယ်။

☃️☃️””””ဆန်တာကလော့စ် (ခရစ်စမတ်ဘိုးဘိုး)….”””

🎄☃️ဆန်တာကလော့စ်လို ပြောလိုက်တာနဲ့ ဘယ်သူမဆို ခရစ်စမတ်ဘိုးဘိုးလို ပြောကြမှာပါ။

🎄☃️ ကလေးတွေကတော့ လက်တွေ့ဘဝမှာ ဆန်တာကလော့စ် (ခရစ်စမတ်ဘိုးဘိုး) ရှိတယ်လို ထင်နေပြီး ခရစ်စမတ်နေ့ရက်တိုင်း လက်ဆောင်ပေးမဲ့ ခရစ်စမတ်ဘိုးဘိုးကို မျှော်နေကြတုန်းပါပဲ။

🎄☃️ တကယ်တော့ ဆန်တာကလော့စ်က ကက်သလစ် ခရစ်ယာန် ရဟန္တာ “”စိန့်နီကိုးလပ် (Saint Nicholas)”” ဖြစ်ပါတယ်။

🎄☃️စန့်နီကိုးလပ်ကို အေဒီ ၂၈၀ ဝန်းကျင်မှာ မွေးဖွားခဲ့တယ်လို ယုံကြည်ထားကြပါတယ်။

🎄☃️သဟာ ပိုင်ဆိုင်တဲ့အရာတွေအားလုံးကို ပေးပစ်တာ၊ ကျေးလက်ဒေသတွေကို ခရီးထွက်ပြီး ဆင်းရဲချိုတဲ့တဲ့သူတွေကို ကူညီတာတွေလုပ်ခဲ့တယ်လို ပြောကြပါတယ်။

🎄☃️သကို လူတိုင်းက ကြည်ညိုလေးစားကြပြီး ကလေးတွေနဲ့ လူကြီးတွေအတွက် ကာကွယ်စောင့်ရှောက်သူဖြစ်လာခဲ့ပါတယ်။ သူ သေဆုံးတဲ့နေ့ ဒီဇင်ဘာလ (၆) ရက်နေ့ရက်တိုင်း သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပျော်ပွဲရွှင်ပွဲပြုလုပ်ကြပါတယ်။

🎄☃️ခရစ်စမတ်အချိန်အခါဆိုရင် စိန့်နီကိုးလပ်က လက်ဆောင်ပစ္စည်းများ ယူဆောင်လာတယ်လို ယူဆပြီး ခရစ်စမတ်ဘိုးဘိုးပေါ်ပေါက်လာခဲ့ပါတယ်။

🎄☃️အခုခေတ် ကျွန်တော်တို မြင်တွေ့နေရတဲ့ ဆန်တာကလော့စ်ဘိုးဘိုးပုံစံက အမေရိကန်နိုင်ငံသား သောမတ်စ် နက်စ် (Thomas Nast) က အိမ်နီးနားချင်း ပုပုဝဝနဲ့အဘိုးအိုကြီး ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ကလေးတွေကို လက်ဆောင်ပေးတာကို မြင်ယောင်ပြီး ဖန်တီးရေးဆွဲခဲ့တာဖြစ်ပါတယ်။

🎄☃️ခရစ်ယန်ဘာသာဝင်တိုရဲ့ခရစ်တော်နေ့မှာ “ ဘုရားသခင်ကောင်းချီးပေးပါစေ “ God Bless you all “ လိုဆုတောင်းပေးချင်တယ်။