အပင်ငယ်စဉ်တွင်ကျရောက်တတ်သော ခါးရိရောဂါ

အပင်ငယ်စဉ်တွင်ကျရောက်တတ်သော ခါးရိရောဂါကိုထိရောက်စွာကြိုတင်ကာကွယ်နည်းများ
ခါးရိရောဂါကို ဖြစ်ခါမှကုသခြင်းထက် မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းက ပိုထိရောက်တဲ့အတွက်ကြောင့်
သတိပြုမိအောင် ခါးရိရောဂါအကြောင်းလေးကိုရေးသားဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။
ခါးရိရောဂါဟာ မှိုရောဂါတစ်မျိုးဖြစ်ပြီး မျိုးစေ့အခြေအနေမှာရော ပျိုးပင်ပေါက်အခြေအနေမှာပါ ကျရောက်
နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ သက်ရှိသည် မျိုးစေ့၊ မြေကြီး၊ ရေနှင့် စိုက်ပျိုးရေးသုံး
ပစ္စည်းများမှတစ်ဆင့်ကူးစက်နိုင်ပါတယ်။ ရောဂါကျရောက်တဲ့အပင်ဟာဆိုလျှင် ကောင်းမွန်စွာအညှောင့်
ပေါက်လာနိုင်ပေမယ့် ရက်အနည်းငယ်အတွင်းမှာပဲ ရေစိုနာကွက်များဖြစ်ကာ ပျော့လာ၊ ယိုင်လဲပြီး
သေဆုံးတာတွေ ဖြစ်နိုင်ပါတယ်။
ခါးရိရောဂါကျရောက်ရင် မြေကြီးအပေါ်နားက ပင်စည်နဲ့ အမြစ်ကိုပုတ်စေနိုင်ပါတယ်။
ထိရောက်သောကာကွယ်နှိမ်နင်းနည်းများ
(၁) မြေကြီးကိုလေဝင်လေထွက်ကောင်းသော‌မြေဖြစ်အောင်ဂရုစိုက်ပါ။
(၂) အေးမြပြီး စိုစွတ်တဲ့မြေ အနေအထားမျိုးကိုရှောင်ရှားပါ။ (ပူနွေးသောမြေမှာ အပင်က လျင်မြန်စွာကြီးထွားပြီး ပို၍ကျန်းမာပါသည်)
(၃) pH levelကို 5.5လောက်ထားနိုင်ရင် အသင့်တော်ဆုံးပါ။
(၄) မျိုးစေ့လူးနယ်ဆေးကိုအသုံးပြုပြီး စိုက်ပျိုးပေးပါ။
(၅) ရေကိုနေ့လည်ပိုင်းမလောင်းပါနဲ့။ ရေမများအောင်လည်းဂရုစိုက်ပါ။
(၆) အစိုဓာတ်များပြီး မြေကြီးနက်နက်ဖြင့်စိုက်ခြင်းက ရောဂါကျရောက်မှုကိုအားပေးစေသည်။
(၇) ရောဂါကျရောက်တဲ့အပင်ရှိလာပါကအခင်းမှဖယ်ရှားပစ်ပါ။
အပင်ကြီးလာရင်တော့ ခါးရိရောဂါကိုခံနိုင်ရည်ရှိလာတာကိုတွေ့ရပါတယ်။
ထို့ပြင်ဓာတုဆေးအနေဖြင့် Copper Oxychloride 85WP Fungicide ကိုအညွှန်းပါအတိုင်းအသုံးပြုနိုင်ပါတယ်။
အားလုံးပဲ ခါးရိရောဂါကို အထိရောက်ဆုံးကာကွယ်နိုင်ပြီး အထွက်တိုး၍ ဝင်ငွေတိုးနိုင်ကြပါစေ။
(အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်။)