မြန်မာ စစ်ဘေးဒုက္ခသည်တွေကို လက်ခံဖို့ အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာနိုင်ငံအတွင်း ပိုမိုအရှိန်မြင့်လာတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည်တွေကို လက်ခံဖို့ ရာ နယ်စပ်တလျှောက်မှာ စစ်ရှောင်စခန်းတွေ တည်ဆောက်ဖို့ အသင့်ရှိနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟီဒါ နွတ်ခရာကပြောဆိုခဲ့ပါတယ်။

စစ်ရှောင်တွေကို လက်ခံဖို့ အသင့်ပြင်ထားကြောင်း တနင်္ဂနွေနေ့မှာ ဝန်ကြီးက ပြောဆိုခဲ့တာဖြစ်ပြီး အစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို စောင့်ကြည့်နေကြောင်း၊ ပဋိပက္ခမှာ ပါဝင်ပတ်သက်တဲ့ အဖွဲအစည်းအားလုံးအနေနဲ့ တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့ နဲ့ စေ့စပ်ညှိနှိင်းမှုတွေ အမြန်ဆုံး လုပ်ဆောင်ကြဖို့ တိုက်တွန်းကြောင်း ဆိုခဲ့ပါတယ်။