ကသာမြို့ တွင် ဝန်ထမ်း ၁၄၄ ဦး PDF ထံအလင်းဝင်တယ်လို့ Khit Thit မှ သတင်းအတုရေး

နိုဝင်ဘာလအစောပိုင်းမှ ယနေ့အထိ ကသာမြို့ နယ်တွင် နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီ ဝန်ထမ်း ၁၀၀ ကျော်နှင့် စစ်သား၊ ရဲ ၊ အကျဉ်းထောင်ဝန်ထမ်း ၄၄ ဦး၊ စုစုပေါင်း ၁၄၄ ဦး PDF တွေထံ အလင်းဝင်တဲ့ဖြစ်စဉ်ဟာ မဟုတ်ကြောင်းနှင့် ကသာမြို့ မှ ဝန်ထမ်းများ CDM လုပ်သွားတဲ့ဖြစ်စဉ်လည်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit မှ အများပြည်သူများအား ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်၍ လိုင်းပေါ်ကနေ နည်းမျိုးစုံသုံးပြီး လုပ်ဇာတ်ဆင်ကာ ဝါဒဖြန့် ရေးသားထားခြင်းသာဖြစ်ပါတယ်။