မတ်လ ၇ ရက် လူမှုကွန်ရက်ပေါ်က သတိပြုဖွယ် သတင်းအတုနှင့် သတင်းအမှားများ

• မတ်လ ၅ ရက်နေ့၌ ကျွန်းစုမြို့နယ် ဝါရစ်ကျေးရွာအုပ်စုရှိ ဂျိုးတောင်ရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အကြမ်းဖက်အဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit Media နှင့် DVB တို့မှ ပုံကြီးချဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးတယ်ဟုအမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

• မတ်လ ၆ ရက်နေ့၌ မင်းတုန်းမြို့နယ်၊ သီးပင်ကုန်းရွာအနီးတွင် ပစ္စည်းလိုက်ပို့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အကြမ်းဖက်အဖွဲ့များက အဝေးမှမိုင်းဆွဲတိုက်ခိုက်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း မြေလတ်အသံ မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

• မတ်လ ၁ ရက်နေ့၌ မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိခဲ့သော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ၄ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• မတ်လ ၅ ရက်နေ့၌ ပခုက္ကူမြို့မှ ကမ္မမြို့သွားလမ်းပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦးသာ ဒဏ်ရာရရှိခဲ့သော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

• မတ်လ ၅ ရက်နေ့၌ မြိုင်မြို့နယ်၊ ပုသိမ်-မုံရွာလမ်း ကိုင်းတောရဲစခန်းအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

• မတ်လ ၅ ရက်နေ့၌ စစ်ကိုင်း-မုံရွာလမ်းပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားအား PDF အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် ဆီဘောက်ဆာကား ၁ စီး မီးလောင်ကာ ပြည်သူ ၂ ဦး သေဆုံးခဲ့ခြင်းကို Khit Thit Media မှ ဗြောင်လိမ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပစ်လို့ ပြည်သူ ၂ ဦး သေဆုံးတယ်ဆိုပြီး အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။

• မတ်လ ၅ ရက်နေ့၌ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိသော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင်များဒရုန်းဖြင့် တိုက်ခိုက်ခံရလို့ ၄ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• မတ်လ ၆ ရက်နေ့၌ မြောက်ဥက္ကလာပမြို့နယ်၊ ဃ ရပ်ကွက်၊ သုဓမ္မာလမ်းနှင့် ခေမာသီလမ်းထောင့်ရှိ မြို့နယ်လျှပ်စစ်ရုံးအနီးတို့တွင် ဗုံးပေါက်ကွဲခြင်းမရှိခဲ့သော်လည်း Khit Thit Media မှ ဗုံး ၂ ကြိမ် ပေါက် ကွဲတယ်ဆိုပြီး အများပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်  ကောလာဟလရေးသားထားခြင်းသာဖြစ်ပါတယ်

• မတ်လ ၇ ရက်နေ့၌ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား AA အဖွဲ့က လာရောက်တိုက်ခိုက်သဖြင့် ရင်ဆိုင်ထိန်းချုပ်ထားလျက်ရှိပြီး တပ်မတော်ဘက်မှ ပစ်ကူစစ်ကူထိရောက်စွာပေးနိုင်မှုကြောင့် AA အဖွဲ့များ အထိအခိုက်အကျအဆုံးများပြားကာ မြို့ကိုထိန်းချုပ်နိုင်းခြင်းမရှိသော်လည်း Khit Thit Media မှ လူအထင်ကြီးအောင်  အမြတ်ထုတ်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။ #Crd