တာချီလိတ်တွင် တရုတ်နိုင်ငံသား နှစ်ရာကျော် ထပ်မံ ဖမ်းဆီးရမိ

၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့ နံနက် အာရုံဦး အချိန်တွင် တာချီလိတ်မှစစ်ဗျူဟာမှူး ဦးစီး ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ အမှတ်(၁၀/၂) ခြံဝင်း အတွင်း သွားရောက်စစ်ဆေးခဲ့ရာ ၎င်းခြံဝင်းရှိ အဆောက်အဦများအတွင်းမှ တရားမဝင်

(၁) တရုတ်နိုင်ငံသား ကျား ၆၁ ဦး၊ မ ၃ ဦး၊ ပေါင်း ၆၄ ဦး

(၂) ကွန်ပြူတာ ၂၅ လုံး၊

(၃) လက်ကိုင်ဖုန်း မျိုးစုံ ၃၅ လုံး၊

(၄) မော်တော်ယာဉ် ၂ စီးတို့အား သိမ်းဆည်းရမိသလို

အဆိုပါပူးပေါင်းအဖွဲ့သည် ညနေ ၄ နာရီ အချိန်ခန့်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း (က)ရပ်ကွက်၊ အမှတ်(၁/၂၀၀) ခြံဝင်းအတွင်းရှိ ၅ ထပ်တိုက်အဆောက်အဦအတွင်းသို့ ရှာဖွေစစ်ဆေးရာ

(၁) တရားမဝင်တရုတ်နိုင်ငံသား ကျား ၁၃၉ ဦး၊ မ ၃ ဦး၊ ပေါင်း ၁၄၂ ဦး

(၂) ကွန်ပြူတာ ၅၂ လုံး၊

(၃) လက်ကိုင်ဖုန်းမျိုးစုံ ၁၀၅ လုံး တို့အားဖမ်း ဆီးရမိသဖြင့် စုစုပေါင်း တရုတ်နိုင်ငံသား ၂၀၆ ဦး ဖမ်းဆီးရမိခဲ့ ကြောင်း သတင်းရရှိပါသည်။

CKK