မတ်လ ၂၁ ရက်နေ့ မှုခင်းသတင်းများ

-မတ်လ ၂၀ ရက် ၁၇၁၀ နာရီတွင် သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်အနီး၌ ဝင်းထွန်း (၂၇)နှစ်၊ ကျုံပါကျေးရွာ၊ သထုံမြို့နယ်နေသူသည် ဆိုင်ကယ်ဖြင့် ဘင်လှိုင်ရပ်ကွက်သို့ မောင်းနှင်လာစဉ် PDF အကြမ်းဖက်အဖွဲ့ ၂ ဦးသည် ဆိုင်ကယ် တစ်စီးဖြင့်  နောက်မှ လိုက်လာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်၍ ဂေါ့ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ဝင်းထွန်းတွင် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးခဲ့။

-မတ်လ ၂၀ ရက် ၁၃၂၀ နာရီတွင် မြိုင်မြို့နယ်၊ ကန်နီကျေးရွာသို့ အကြမ်းဖက် PDF များမှ Drop Bomb ၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း မြေကွက်လပ်သို့  Drop Bomb ၁၂ လုံး၊ ကျေးရွာ ပတ်လည်ရှိဘန်ကာများအနီးသို့ လက်လုပ်ဗုံးသီး ၅၀ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်းရှိ ဒေါ်ချောမွန် (၃၂)နှစ်တွင် ယာရင်အုံဗုံးသီးစဖောက်ဝင်(စိုးရိမ်ရ) ရရှိခဲ့။

-မတ်လ ၂၀ ရက် ၂၁၁၀ နာရီတွင် ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာနေ ဦးတင်ဝင်းနှင့် ဦးစန်းနိုင်တို့ ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် ရေနံချောင်းမြို့ပေါ်မှ မှတ်ပုံတင်ပြုလုပ်ပြီး ကျေးရွာသို့ပြန်လာစဉ် ဖောင်းကွဲချောင်းထိပ်အရောက်၌ အကြမ်းဖဖက် PDF ၂ ဦးမှာ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှ ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးတင်ဝင်း (၄၉)နှစ်တွင်  ယာဂျိုစောင်း ကျည်ဖောက်ဝင် ဒဏ်ရာနှင့် ဦးဆန်းနိုင် (၅၀)နှစ်တွင် ယာနားထင်ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် နေရာတွင် သေဆုံးခဲ့။

-မတ်လ ၂၀ ရက် ၁၆၃၀ နာရီတွင်  ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာနေ မဝင်းဝင်းထွေး(၂၀)နှစ်နှင့်  မအိအိခိုင် (၂၈)နှစ် တို့ ၂ ဦးသည် ညောင်ဖူးခူးရန်အတွက် ထွက်ခွာသွားခဲ့ပြီး နေအိမ်သို့ ပြန်လည် ရောက်ရှိ လာခြင်း မရှိသဖြင့် ၎င်းတို့၏ မိသားစုဝင်များမှ ကျေးရွာအနီးတစ်ဝိုက်တွင် လိုက်လံရှာဖွေ ခဲ့ရာ ၁၈၅၅ နာရီ ခန့်တွင် သစ်ပုတ်ကျေးရွာ သုသာန်အနီးတွင် အကြမ်းဖက် PDF များ၏ သတ်ဖြတ်မှုကြောင့် မဝင်းဝင်းထွေးနှင့် မအိအိခိုင်တို့ ၂ ဦးသည် ရင်ဘတ်ထိုးသွင်း ဒဏ်ရာ၊ မျက်နှာ၊ ခန္ဓာကိုယ်၊ ပေါင်တို့တွင် ရိုက်နှက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့။