KNPPနှင့်PDF များထံ ပိုဆောင်မည့် လက်နက်ခဲယမ်းအများအပြားနှင့် တရားခံ ၇ ဦး ဖမ်းမိ

ကယားပြည်နယ်အတွင်း ၁၁၁၁ စစ်ဆင်ရေးဖော်ဆောင်နေသော KNPP နှင့် PDF များထံ ပိုဆောင်မည့် RPG ဒုံးပစ်လောင်ချာ ၁၂ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြား ဖမ်းဆီးရမိခဲ့ပါတယ်။

ဒေသခံ တိုင်းရင်းသားပြည်သူများ၏ လျှိဝှက်စွာသတင်းပေးပိုမှုများအရ နိုဝင်ဘာ ၁၆ ရက် ညပိုင်းတွင် ကယားပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များနှင့် အကြမ်းဖက်လုပ် ရပ်များကို ကျူးလွန်လျက်ရှိသည့် KNPP အဖွဲနှင့် PDF များထံသို လက်နက်၊ ခဲယမ်းများ သယ်ယူပိုဆောင်ပေးနေသော ပင်လုံမြို၊ ပန်မုန့်အုပ်စု၊ လွယ်တပ်ကျေးရွာ၊ New Power စက်သုံးဆီဆိုင်ပိုင်ရှင် တရားခံ ခွန်သောင်းထွန်းအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ခွန်သောင်းထွန်း၏ ထွက်ဆိုချက်အရ ပင်လုံမြို၊ ပန်မုန့် ကျေးရွာနေ ပေတူး(ခ)မာရီယာနို ၏နေအိမ်ခြံဝင်းအတွင်းရှိ ဂိုထောင်အဆောက်အဦ၌ တရားခံ ခွန်အောင်မင်း၊ ခွန်နေမျိုး၊ ကျော်ဇင်ထွန်း၊ ခွန်အောင်ကျော်မြင့်နှင့် ခွန်အောင်ကျော်တို ၅ ဦးတိုအား ကယားပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များ နှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့် KNPP အဖွဲနှင့် PDF များထံသို ပိုဆောင်မည့် RPG ဒုံးပစ်လောင်ချာ ၁၂ လက်၊ တရုတ် စက်လတ် ၉ လက်၊ Type-81 မောင်းပြန်ရိုင်ဖယ် ၁၀၉ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၁၃၀၊ လက်နက်ငယ်ပြောင်း အပို ၅၀၀ ချောင်း၊ RPG ဒုံးသီး ၁၀၆ လုံး၊ အီနာဂါ ဗုံးသီး ၆၁၀၀ လုံး၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၁၄၂၆ လုံး၊ စုစုပေါင်းဗုံးသီးမျိုးစုံ ၇၆၃၂ လုံး၊ ၇.၆၂ ကျည် ၁၃၆၇၀ တောင့်၊ ၁၀၇ မမ စနက်အုံ ၁၀၀ ခု၊ တရုတ်စက်လတ်ကျည်အိမ် ၂၉ ခု၊ ကျည်အိမ်မျိုးစုံ ၁၈၀၀ ခု၊ စုစုပေါင်း ကျည်အိမ်မျိုးစုံ ၁၈၂၉ ခု၊ TNT ယမ်း ၉၅၀ ကီလိုဂရမ်၊ အမိုနီယမ်နိုက်ထရိတ် ၂၀၀ ကီလိုဂရမ်၊ Equipment ၂၀၀၀ စုံ၊ Canter အမျိုး အစား (လိုင်စင်မဲ့) (၆)ဘီးယာဉ် ၃ စီး၊ Ford အမျိုးအစား (လိုင်စင်မဲ့) မော်တော်ယာဉ် ၁ စီးနှင့် Vigo အမျိုးအစား(လိုင်စင်မဲ့) မော်တော်ယာဉ် ၁ စီးတိုအား သိမ်းဆည်း ရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်ဘက်သို လက်နက်၊ ခဲယမ်းများ အဓိကပိုဆောင်ပေးနေသည့် ထွက်ပြေး တိမ်းရှောင်နေသူ တရားခံ ပေတူး(ခ)မာရီယာနိုအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ခွန်သောင်းထွန်းနှင့် ပေတူး(ခ)မာရီယာနိုတို၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများအား ကယားပြည်နယ်ရှိ KNPP အဖွဲနှင့် PDF များ၏ စေခိုင်းမှုဖြင့် ပင်လုံမြိုနယ်၊ ကုန်းကျောင်းကျေးရွာသို လာရောက်ပို့ဆောင်သည့် SSPP/SSA ယူနီဖောင်းဝတ်ဆင်ထားသူ ၁၀ ဦးထံမှ (၄)ကြိမ်ခွဲ၍ သွားရောက်သယ်ယူခဲ့ပြီး နေအိမ်ခြံဝင်းအတွင်းရှိ ဂိုထောင်အဆောက်အဦတွင် စုစည်းထားခြင်းဖြစ်ကြောင်း၊ အဆိုပါ လက်နက်၊ ခဲယမ်းများအား Canter အမျိုးအစား ခြောက်ဘီးယာဉ်တိုဖြင့် ကယားပြည်နယ်ဘက်သို့ ဆက်လက်ပိုဆောင်ရန် စီစဉ်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

သိုဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် KNPP အဖွဲနှင့် PDF များ၏ လက်နက်၊ ခဲယမ်း သယ်ဆောင်ရောင်းဝယ်မှုများ၊ ၎င်းတို ပုန်းခိုရာနေရာများနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဆက်လက်ဖမ်းဆီးရမိရေးအတွက် သတင်းများရရှိပါက သက်ဆိုင်ရာသို လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပြီး သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှိဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြိုရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထားသည်။