မတ်လ ၁ ရက်မှ ၂၀ ရက်အထိ ကချင် တိုက်ပွဲတွေမှာ KIA/PDF ၂၄၀ ကျော်သေဆုံး

မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ 💥💥💥💥💥💥💥

(ရွှေကူမြို့နယ်)

မတ်လ ၁၁ ရက်နေ့က ငအိုးမြိုရှိ နယ်မြေခံတပ်ကို လာရောက်တိုက်ခိုက်တဲ့ KIA/PDF တွေ လက်နက်ကြီးနဲ့ ချေမှုန်းခံရလို ၄ ဦးသေဆုံးခဲ့ပြီး ၃၈ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းပေးထံမှ သိရှိရ။

(ဝိုင်းမော်မြို့နယ်)

မတ်လ ၁၁ ရက်နေ့မှာလည်း အောင်မြေ ၁ ကျေးရွာအနီး KIA/PDF တွေ ခိုအောင်းနေကြောင်း လီဆူးပြည်သူ့စစ်အဖွဲ့မှ အတိ အကျသတင်းပေးမှုကြောင့် လက်နက်ကြီးဖြင့် အဲဒီနေရာတွေကို ပစ်ခတ်ချေမှုန်းခဲ့ရာ KIA/PDF ၆ ဦး သေဆုံးခဲ့ပြီး ၁၂ ဦးခန့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

မတ်လ ၁၆ ရက်နေ့မှာလည်း ပွိုင့် ၇၇၁ စခန်းသို့ လာရောက်တိုက်ခိုက်တဲ့ KIA/PDF တွေကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ KIA/PDF ၃၅ ဦး သေဆုံးခဲ့ပြီး ၄၀ ဦးခန့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဒဏ်ရာရသူများအား လိုင်ဇာဘက်သို့ 4 Wheel ကားများဖြင့် သယ်ဆောင်သွားကြောင်းသိရှိရ။

မတ်လ ၁၉ ရက်နေ့မှာတော့ မိုင်းမောကျေးရွာအနီး ငှက်ပျောခြံအတွင်းသို့ စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရာ KIA/PDF အလောင်း ၅ လောင်း၊ M-22 ၄ လက်၊ မှန်ပြောင်း ၁လက်နှင့် ဆက်စပ်ပစ္စည်း ၆ မျိုးတို့အား သိမ်းဆည်းရရှိခဲ့ပြီး KIA/PDF ၁၅ ဦးခန့်ဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရ။

(မိုးမောက်မြို့နယ်)

မတ်လ ၁၆ ရက်နေ့တွင် ခရမ်းကောင်းဘွမ်စခန်း၊ မဒံစခန်း၊ ပွိုင့် ၁၀၄၉ စခန်းနှင့် ဖကွမ်စခန်းတို့အား လာရောက်တိုက်ခိုက်သည့် KIA/PDF များအား လေကြောင်းပစ်ကူရယူပြီး ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ KIA/PDF ၇၅ ဦး သေဆုံးခဲ့ပြီး ၆၈ ဦးခန့်ဒဏ်ရာရရှိသွားကြောင်း KIA အချင်းချင်း ကြားဖြတ်ပြောဆိုမှုများအရသိရှိရ။

(ဆွမ်ပရာဘွမ်မြို့နယ်)
မတ်လ ၁၇ ရက်နေ့တွင် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း KIA/PDF များ ခိုအောင်းနေသည့်နေရာများအား သတင်းအတိအကျရရှိခဲ့သဖြင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ချေမှုန်းခဲ့ရာ KIA/PDF ၂၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ၊

မတ်လ ၁၈ ရက်နေ့တွင်လည်း ဆွမ်ပရာဘွမ်မြို့နယ်အတွင်း KIA/PDF များ ခိုအောင်းနေသည့်နေရာများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ချေမှုန်းခဲ့ရာ KIA/PDF ၃၀ ဦးသေဆုံးပြီး ၄၈ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတိုထံမှ လက်နက်ငယ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရ။

မတ်လ ၁၉ ရက်နေ့တွင် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း KIA/PDF များ ခိုအောင်းနေသည့်နေရာများအား လက်နက်ကြီးဖြင့် ပစ်ခတ်ချေမှုန်းခဲ့ရာ KIA/PDF ၁၀ ဦးသေဆုံးပြီး ၁ ဦး ဖမ်းဆီးရမိကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတိုထံမှ လက်နက်ငယ် ၁ လက် ကျည်မျိုးစုံ ၂၅ တောင့်၊ ကျည်အိမ် ၄ ခု၊ ဗုံးသီး ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရ။

(ပါဂျို၊ နားဖော့ဒေသ)

မတ်လ ၁၉ ရက်နေ့တွင် ပွိုင့် ၆၆၆၇ စခန်းနှင့် ဝူလော့ကောင်းစခန်းတို့အား လာရောက်တိုက်ခိုက်သည့် KIA/PDF များအား ပြန်လည်ပစ်ခတ်ချေမှုန်းခဲ့ရာ KIA/PDF ၃၅ ဦး သေဆုံးပြီး ၃၅ ဦးခန့် ဒဏ်ရာရရှိခဲ့ ကြောင်းသိရှိရ။

(ဆင်ဘိုမြို့နယ်)

မတ်လ ၁၉ ရက်နေ့တွင် နယ်မြေခံတပ်အား လာရောက်တိုက်ခိုက်သည့် KIA/PDF များအား ပြန်လည်ပစ်ခတ်တိုက်ခိုက်ချေမှုန်းခဲ့ရာ KIA/PDF ၂၅ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးခန့်ဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရ။

အထက်ဖော်ပြပါဖြစ်စဉ်များတွင် ရန်သူလာရောက်တိုက်ခိုက်သည့် နယ်မြေခံတပ်၊ စခန်းနှင့် ရန်သူခိုအောင်း နေရာများသို့ တန်ပြန်ပစ်ခတ်တိုက်ခိုက်ချေမှုန်းခဲ့ရာတွင် KIA/PDF ၂၄၆ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဖမ်းဆီးရမိကာ ၃၀၉ ဦးခန့် ဒဏ်ရာရရှိ၍ ၎င်းတို့ထံမှ လက်နက်ငယ် ၈ လက်၊ ကျည်မျိုးစုံ ၂၅ တောင့်၊ ကျည်အိမ် ၁၃ ခု၊ ဗုံးသီး ၁ လုံး၊ မှန်ပြောင်း ၁ ခုနှင့် ဆက်စပ်ပစ္စည်း ၆ မျိုးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။

ရန်သူမှ အင်အားနည်းစခန်းများကို Drop Bomb များ အဆက်မပြတ်တိုက်ခိုက်ပြီး အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သဖြင့် စစ်နည်းဗျူဟာအရ စခန်းငယ်များအား ခေတ္တဆုတ်ခွာပေးပြီး စခန်းကုန်းပေါ်သို့ ရန်သူများရောက်ရှိလာချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ရန်သူထိခိုက်ကျဆုံးမှုများပြားနေသော်လည်း မြေပြင်တပ်များ မရှိသဖြင့် အလောင်းမှတ်တမ်းဓာတ်ပုံများ မရရှိကြောင်း သိရှိရပါသည်။ #Crd