‌ရေကြီးမှုကြောင့် အန္တရာယ်ကင်းစေဖို့

ရေကြီးမှုကြောင့် ထိခိုက်မှု ကင်းစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။

ရေမကြီးခင် ဘာတွေပြင်ဆင်ရမလဲ

ရေကြီး လာနိုင်တဲ့ အလားအလာတွေ ရှိနေမယ်၊ ကြိုတင် သတိပေးချက်တွေ ထုတ်ပြန်တဲ့ အခါမျိုးမှာ ဒီအချက်တွေကို ပြင်ဆင်ထားဖို့ လိုပါမယ်။

  • သောက်သုံးရေ သိုလှောင်ပါ
  • အဝတ်လျှော်စက်၊ အဝတ်ခြောက်စက်၊ ဆံပင် အခြောက်ခံစက် စတဲ့ လျှပ်စစ်နဲ့ အသုံးပြုရတဲ့ ပစ္စည်းတွေကို ရေမရောက်နိုင်တဲ့ နေရာမှာ ထားပေးပါ
  • အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို လုံခြုံအောင် သိမ်းဆည်းပါ
  • ရေသန့်ဆေးကြိုဆောင်ထားပါ
  • လိုအပ်မယ့်ဆေးဝါးအသုံးအဆောင်တွေပြင်ဆင်ထားပါ
  • စားစရာတွေ သိုလှောင်ထားပါ
  • လက်နှိပ်ဓါတ်မီး
  • ရေဒီယို
  • ဓာတ်ခဲအပို
  • ရေမလို လက်သန့်ဆေးရည် စတာတွေကိုပြင်ဆင်ထားသင့်ပါတယ်။

ရေကြီးနေချိန်မှာ ဘာတွေပြင်ဆင်ရမလဲ

ရေကြီး နေချိန်မှာ အကောင်းဆုံး စောင့်ရှောက်မှုက မဖြစ်မနေ လိုအပ်မှာပါ။

  • လျှပ်စစ်မီး စီးဝင်မှုမရှိစေဖို့ မိန်းချထားပါ
  • အစားမစားခင် စားပြီးချိန်တွေမှာ လက်ကို သေချာသန့်စင်ပါ
  • သိုလှောင်ထားတဲ့ ရေကိုပဲ အသုံးပြုပေးပါ
  • ရေဒီယိုကို နားထောင်ပေးပါ
  • ရေကြီးနေတဲ့ ရေထဲကို ဖြတ်မလျှောက်ပါနဲ့
  • ရေကြီးနေတဲ့ ရေတွေကို မသုံးပါနဲ့
  • ဝမ်းနူးစာတွေ မစားပါနဲ့
  • ခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ။

ရေကျသွားတဲ့အခါ ဘာတွေဂရုစိုက်ဖို့လိုမလဲ

ရေကြီး ပြီး ပြန်ကျသွားပြီဆိုရင်

  • အိမ်မှာ ပျက်စီးမှု တစ်စုံတရာ ရှိ၊ မရှိ သေချာ စစ်ဆေးပါ
  • မှောင်တဲ့ နေရာတွေကို လက်နှိပ်ဓာတ်မီးနဲ့ သွားပါ
  • ရေကြီးတုန်းက ရေတွေကို ပြန်မသုံးပါနဲ့
  • ရေတွေကို ကလိုရင်းခတ်ပြီးမှ သုံးပါ
  • ရေကျပြီးသွားချိန်မှာ လျှပ်စစ်မီးတွေကို အလောတကြီး မဖွင့်ပါနဲ့
  • နေအိမ်ကို သေချာ သန့်ရှင်းသွားအောင် လုပ်ပါ၊ လိုအပ်ရင် ပိုးသတ်ဆေးတွေသုံးပါ
  • သန့်ရှင်းရေး လုပ်တဲ့အခါ လည်ရှည်ဖိနပ်၊ လက်အိတ်တွေဝတ်ပါ
  • ရေတက်စဉ်က အသုံးပြုထားတဲ့ အသုံးအဆောင်တွေ အားလုံးကို သန့်စင်ပါ၊ လိုအပ်ရင် ပိုးသတ်တာမျိုးတွေ လုပ်ပါ
  • အာဟာရ ပြည့်ဝအောင် စားသုံးပါ
  • ပြည့်ပြည့်ဝဝ အနားယူပေးပါ
  • သန့်ရှင်းမှု အားနည်းတဲ့ အစားအသောက်တွေ မစားပါနဲ့
  • အသုံးပြုမယ့် ရေအရင်းအမြစ်ကို သေချာဂရုစိုက်ပါ။

ဒီအချက်တွေကို သေချာ ဂရုစိုက်ပြီး ရေကြီးတဲ့ အချိန်မှာ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ရေကြီးမှုကြောင့် ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ် နဲ့ ကျန်းမာရေး ထိခိုက်မှုတွေကနေ ကာကွယ်လိုက်ပါ။