ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ တို့ဟူးနွေးလေးလုပ်စားရအောင်

တို့ဟူးနွေးက ရှမ်းပြည်ရဲ့  မနက်စာ ဖြစ်ပါ.. ရှမ်းပြည်မှာတော့ ရွှေပဲရွက်လေး ထည့်စားကြပါတယ်။ မြေပြန့်မှာတော့ ရေမုန်ညှင်း၊ မုန်ညှင်းရွက် အစ ရှိသဖြင့် ထည့်နိုင်ပါတယ်။ 

ချက်နည်းမခက်ပါဘူး

  • ကြက်သား (သို့မဟုတ်) ဝက်သား
  • တို့ဟူးမှုန့်
  • ဆန်ဆီးခေါက်ဆွဲ
  • အရွက်(ရွှေပဲရွက် ၊ ရေမုန်ညှင်း၊ မုန်ညှင်းရွက်)
  • ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ
  • ငရုတ်သီးအရောင်တင်မှုန့်၊ နနွင်းမှုန့်
  • ဆား၊ ဟင်းခတ်မှုန့်၊ သကြား
  • နံနံပင်၊ ကြက်သွန်မိတ်၊ မြေပဲဆံထောင်း
  • နှမ်း၊ ပဲငံပြာရည်အကြည်၊ ကြာညို့၊ ငရုတ်ဆီ
  • ကြက်သွန်ဖြူ ဆီချက် ..

အရင်ဆုံး

ကြက်သို့မဟုတ် ဝက်သားကို တို့ဟူးနွေးနဲ့ရောစားဖို့ အရင်ဆုံး ဂျင်း၊ ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီး အရောင်တင်မှုန့်၊ နနွင်း အနည်းယေ်ထည့်ပြီး ဆီသတ်ပါ..

အရသာအတွက်တော့ အပေါ့အငန် ချိန်ပြီးထည့်နိုင်ပါတယ်။

တိုးဟူးနွေး ကျိုရန်အတွက် အရင်ဆုံး တို့ဟူးမှုန့်ကို နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ရေအေးဖြင့် ခပ်ပျစ်ပျစ်လေး ဖျော်ထားပါ

တို့ဟူး ကျိုမယ့်အိုးထဲကို ရေ ၁လီတာ (တိုဟူးမှုန့် ၂၅ကျပ်သား ) ထည့်ပြီး ဆူလာတဲ့အထိတည်ရပါမယ်။ 

ဆူလာရင်တော့ ခုဏက ဖျော်ထားတဲ့ တို့ဟူးဖျော်ရေကို ဖြည်းဖြည်းချင်း လောင်းထည့်ပါ,

ပြီးရင်ဖြင့် အရသာအတွက် ဆား၊ ဟင်းခတ်မှုန့်၊ သကြား အနည်းငယ်ထည့်ပြီး မီးအေးအေးလေးထားပြီး အဆက်မပြတ် မွှေပေးပါ..

လိုချင်တဲ့ အနေအထားရောက်ရင်ဖြင့် တိုဟူးနွေးကို စတင်ပြင်ဆင်နိုင်ပါပြီ။

ဆန်ဆီးခေါက်ဆွဲကို အရွက်ကလေးပါ ထည့်ပြီး ၁မိနစ်လောက် ရေနွေးပွက်ပွက်ဆူထဲ ခဏထားပြီး ပြန်ဆယ်ကာ တိုဟူးနွေး ပြင်ဆင်မယ့် ပန်းကန်ထဲထည့်၊ အပေါ်ကနေ တို့ဟူးနွေး လောင်းထည့်ပါ။

နံနံပင်၊ ကြက်သွန်မိတ်ထည့်၊ ထောင်းထားတဲ့ မြေပဲဆံ၊ နှမ်းထည့်၊ ချက်ထားတဲ့ ကြက်သားသို့မဟုတ် ဝက်သားထည့်ပါ။

ပဲငံပြာရည် အကြည်၊ ကြာညို့၊ ငရုတ်ဆီ၊ ငရုတ်သီးအရောင်တင်မှုန့်ကိုကို ဆီသတ်ထားတဲ့ ဆီတို့ထည့်ပြီး အပေါ်ကနေ ကြက်သွန်ဖြူ ဆီချက်ကလေးဖြူးပြီး အသင့်သုံးဆောင်နိုင်ပါပြီ။