တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၃ နှစ် ကျော်ကလေး သေဆုံးသည်မှာ သတင်းအမှား

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဂန့်ဂေါမြို့ရှိ နယ်မြေခံတပ် မှလက်နက်ကြီးပစ်ခတ်မှုကြောင့် ရှုံးရှီးကျေးရွာ၏ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာမှ ၂ ဦးသေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများအား လူမှုကွန်ရက်စာမျက်နှာတွင် Than Lwin Times က လုပ်ကြံရေး သားနေသည်ကိုတွေ့ရှိရသည်။

တပ်မတော်သည် ပြည်သူများနေထိုင်ရာ မြို့၊ရွာ များကို ဘယ်သောအခါမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမရှိခဲ့ကြောင်း၊  အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူသွားလာနေထိုင်သည့် လမ်းတံတားများ၊ အဆောက်အဦး များ၊ စာသင် ကျောင်းများ၊ ဆေးရုံးဆေးခန်းများနှင့် ဘာသာရေးအဆောက်အဦများပါမကျန် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးတိုက်ခိုက်မှုများကို ငါနဲ့မတူငါ့ရန်သူအဖြစ် လုပ်ဆောင်နေ သည်ကို မြန်မာပြည်သူများသာမက အမေရိကန်နိုင်ငံ၏ အကြမ်းဖက်မှုစစ်တမ်းများ တွင်ပါ တရားဝင်ထုတ်ပြန်ထားရှိပါသည်။ အကြမ်းဖက်အားပေးမီဒီယာများမှ ကောလဟလသတင်းများ၊ လုပ်ကြံသတင်းများဖြင့် တပ်မတော်အား ဂုဏ်သိက္ခာကျဆင်း စေရန်နှင့် တပ်မတော်သားများအပေါ် ဒေသခံပြည်သူများမှ အထင်အမြင်လွှဲမှားစေရန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။