နိုင်ငံတကာ ဥပဒေစံနှုန်းများကို ချိုးဖောက်နေသော NUG၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များ၏ ပညာရေးကဏ္ဍကို တိုက်ခိုက်ဖျက်ဆီးမှု အသိပေးထုတ်ပြန်ချက်

၁။      တည်ဆဲဥပဒေများအရ အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထား သည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ၎င်းတို့အာဏာရရှိရေးအတွက် အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်ကို ကိုင်စွဲပြီး နိုင်ငံတော်၏ အနာဂတ်ဖြစ်သောလူငယ်များ၏ ပညာရေးကဏ္ဍကို ဆင်ခြင်တုံတရားကင်းမဲ့စွာ နည်း မျိုးစုံဖြင့် နှောင့်ယှက်တိုက်ခိုက် ဖျက်ဆီးလျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ NUG အဖွဲ့၏ စေခိုင်းချက်အရ PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတဝှမ်းလုံးရှိ စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ် များအား ဗုံးခွဲတိုက်ခိုက်မှု ၅၂၈ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်၊ စာသင်ကျောင်း များမဖွင့်ရန် ခြိမ်းခြောက်မှု ၁၁၅ ကြိမ်ပြုလုပ်ခဲ့ကြပြီး  CDM မလုပ်ဘဲ စာသင်ကျောင်း များဖွင့်လှစ်သင်ကြားပေးနေသည့် တာဝန်သိနိုင်ငံ့ဝန်ထမ်းကောင်း ဆရာ/ဆရာမ များနှင့် ပညာရေးဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် သေဆုံးသူ ၆၆ ဦး နှင့် ဒဏ်ရာရသူ ၂၅ ဦး ရှိနေပြီဖြစ်သည်။ ထိုသို့ စာသင်ကျောင်းများအား တိုက်ခိုက်ဖျက်ဆီးခြင်း၊ ဆရာ/ဆရာမများအား လုပ်ကြံသတ်ဖြတ်ခြင်းများကို ပြုလုပ် ခဲ့သည့်အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဥပဒေအရတားမြစ်ထား သည့် စာသင်ကျောင်းများအား စစ်ရေးအရ အသုံးပြုခြင်းကိုလည်း ပြုလုပ်လျက်ရှိ ကြောင်း မြေပြင်စစ်ဆေးတွေ့ရှိချက်များအရ သိရှိရသည်။

၂။      ၂၀၀၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ် ချက်အမှတ် ၂၄၂၇ တွင် လက်နက်ကိုင်ပဋိပက္ခကြောင့် စာသင်ကျောင်းများ၊ ဆေးရုံ များ ပိတ်ထားရခြင်းကိုရှုံ့ချထားပြီး လက်နက်ကိုင်တိုက်ခိုက်သူများအနေဖြင့် ကလေး သူငယ်များ၏ ပညာသင်ကြားခွင့်များ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့် ပတ်သက်၍ အနှောင့်အယှက်ဖြစ်စေမည့် လုပ်ရပ်များအား ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။ ထို့အပြင် ကုလသမဂ္ဂအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော Global Coalition to Protect Education from Attack (GCPEA) အဖွဲ့အစည်းက ထုတ်ပြန်ထားသော “လက်နက်ကိုင် ပဋိပက္ခအတွင်း စာသင်ကျောင်းများနှင့် တက္ကသိုလ်များအား စစ်ရေးအရ အသုံးပြုခြင်းမှ ကာကွယ်ရန်လမ်းညွှန်ချက်များ” တွင်လည်း ပညာရေးနှင့် သက်ဆိုင် သော နေရာများကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးချခွင့်မရှိကြောင်း ဖော်ပြထား သကဲ့သို့ ကျောင်းအုပ်ချုပ်သူများ၊ ပညာရေး ဝန်ထမ်းများကိုလည်း ဖိအားပေးအကြပ် ကိုင်ခြင်း၊ မက်လုံးပေးစည်းရုံးခြင်းများအား မပြုလုပ်ရန် တားမြစ်ထားပါသည်။

၃။      သို့သော် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ နှင့် သောင်းကျန်းသူအဖွဲ့အစည်းများသည် အစိုးရဆန့်ကျင်ရေးကို အကြောင်းပြ၍ စာသင် ကျောင်းများအား အတင်းအဓမ္မပိတ်ခိုင်းပြီး စစ်စခန်းများအဖြစ် အသုံးပြုလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာရှိ အထက(မိုးတားလေး) စာသင်ကျောင်းအတွင်း၌ KIA အဖွဲ့နှင့်  PDF အမည်ခံအကြမ်းဖက်အဖွဲ့များက တပ်မတော်စစ်ကြောင်းများအားတိုက်ခိုက်ရန် စာသင်ကျောင်းဝန်းအတွင်း စစ်စခန်းသဖွယ် ဘန်ကာများ ဆောက်လုပ်ထားခြင်း၊ ကတုတ်ကျင်းများ ပြုလုပ်ထားခြင်း၊ သဲအိတ်ဘန်ကာများ ပြုလုပ်ထားခြင်းတို့ကို တွေ့ရှိရပြီး  KIA အဖွဲ့နှင့်  PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ဒေသခံပြည်သူများ အား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ပြီး စာသင်ကျောင်းများအား စစ်စခန်းများအဖြစ် အသုံးချလျက်ရှိကြောင်း ကိုယ်တိုင်မျက်မြင် ကြုံတွေ့ခဲ့ရသည့် ရွာသားများ၏ ရင်ဖွင့် စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိခဲ့ရပါသည်-

          “ကျောင်းသားတွေ ကျောင်းတက်တဲ့ စာသင်ကျောင်းကို စစ်စခန်းအနေနဲ့ KIA နဲ့ PDF အဖွဲ့က ဘန်ကာတွေ လာလုပ်သွားတာ ပါ။ စစ်စခန်းလုပ်ပြီး ဒီမှာလဲ သူတို့ရံဖန်ရံခါ နေပါတယ်။ သူတို့အင်အားကတော့ တစ်ခေါက်လာရင် အနည်းဆုံးအင်အား ၅၀ နဲ့ ၁၀၀ ကြားလာပါတယ်။ သဲအိတ်တွေ ကိုတော့ ပြီးခဲ့တဲ့ ၁၂ လပိုင်းလောက်က ကျွန်တော်တို့ရွာကိုလာပြီး သူတို့ စစ်စခန်းချတဲ့ အချိန်မှာ အကာအကွယ်အနေနဲ့ သူတို့လုပ်သွားတာပါ။ ကျွန်တော်တို့ ရွာကိုလာရင် သူတို့တွေ ဒီစာသင်ကျောင်းမှာပဲ စတည်းချပြီးနေတာများတယ်ဗျ။ ကလေးတွေ ကျောင်းတက်တဲ့ စာသင်ကျောင်းကို အကာအကွယ်လုပ်၊ ခုတုံးလုပ်ပြီးနေတယ်လို့ပဲ ကျွန်တော်တို့ ကတော့ အဲဒီလိုပဲထင်တယ်ဗျ။ စာသင်ကျောင်းတစ်ဝန်းလုံးအနက် အကာအကွယ်တွေ ဘန်ကာတွေ ဆောက်ထားတာ ရွာသားတွေကိုခေါ်ပြီး အတင်းအဓမ္မခိုင်းပြီးမှ လုပ်ခိုင်းတာဗျ။ များသောအားဖြင့် ဒီကောင်တွေ ဒဏ်ကိုခံရတာကတော့ ထမင်းတွေ ချက်ကျွေးရ တယ်။ တစ်အိမ်လျှင် ထမင်းသုံးနပ် ရံဖန်ရံခါဆိုရင် ဆက်ကြေးအနေနဲ့ ပိုက်ဆံ ကောက်ခံတာတွေလည်းရှိတယ်။ ကျွန်တော်တို့ ကျေးရွာသားတွေအနေနဲ့ ကတော့ KIA/PDF တွေလာတာကို လုံးဝမနှစ်သက်ပါဘူး။ ကျေးရွာကလည်း ဒီကောင်တွေ ဒဏ်ခံရတာ အမြဲတမ်း လစဉ်လိုလိုဖြစ်နေတော့ ဒီအဖွဲ့အစည်းကို လုံးဝလက်မခံပါဘူး။”

“ကလေးတွေ ကျောင်းတက်တဲ့ စာသင်ကျောင်းကို အကာအကွယ်လာလုပ်တာ စစ်စခန်းလာလုပ်တာ ကတော့ ၁၂ လပိုင်း လလယ်လောက်ကစတာပါ။ သူတို့ကို စားစရာ သောက်စရာ ဆန်တွေ ဆီတွေ လုပ်ပေးရပါတယ်။ အခုလိုအကြမ်းဖက် အဖွဲ့အစည်းတွေ လုပ်ရပ် တွေကို ကျွန်တော့် အနေနဲ့လုံးဝ သဘောမကျပါဘူး။”

၄။      လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၎င်းကျေးရွာ၏ စာသင်ကျောင်းအတွင်းရှိ အကြမ်း ဖက်သမားများ ဆောက်လုပ်ထားသော စစ်စခန်းများအား ရွာသူရွာသားများနှင့် အတူ တကွ ပြန်လည်ဖျက်ဆီးခဲ့ပြီး ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ သည်။ ၎င်းအပြင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law)တွင် ဖော်ပြထားသော ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ အစိုးရများအနေဖြင့် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များက စာသင် ကျောင်းများအား အသုံးပြုခြင်းကို ထိထိရောက်ရောက်တားဆီးပေးရန် တိုက်တွန်းချက် အရ ပညာရေးကဏ္ဍအား အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ဖျက်ဆီးနေမှုအန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးအစီအမံ များအား ဆောင်ရွက်လျက်ရှိပါသည်။

၅။      NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် နိုင်ငံတကာဥပဒေများ၊ ပြဌာန်းချက်များကို ချိုးဖောက်ကာ ကလေးသူငယ်များ၏ ပညာသင်ကြားရေးကို နည်းမျိုးစုံဖြင့် နှောင့်ယှက်တိုက်ခိုက်နေသော်လည်း အချို့သော နိုင်ငံများ၊ အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို မသိ ကျိုးကျွံ ပြုကာ ၎င်းအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်း၊ မီဒီယာများပေါ်တွင် အားပေးထောက်ခံခြင်းများကို ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရသည်။ ထိုသို့ပြုလုပ်နေမှု များသည် အပြစ်မဲ့ပြည်သူများ၏ ဘဝလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ခြိမ်းခြောက်ဖျက်ဆီးလျက်ရှိပြီး နိုင်ငံတော်၏ အနာဂတ် ဖြစ်သည့် ကလေးသူငယ်များ ၏ ပညာသင်ကြားရေးအား ဆင်ခြင်တုံတရားကင်းမဲ့စွာ နှောင့်ယှက်ဖျက်ဆီးလျက်ရှိ သော အကြမ်းဖက်သမားများအား အားပေးအားမြှောက်ပြုနေခြင်းဖြစ်ပြီး ထိုသို့ အားပေး အားမြှောက်ပြုနေခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရန် ကြိုးပမ်းနေမှုများအား နှောင့်နှေးကြန့်ကြာစေမည်ဖြစ်ကြောင်း သတိပြုရန် လိုအပ်မည်ဖြစ်ပါသည်။

၆။      သို့ဖြစ်ပါ၍ KIA အဖွဲ့နှင့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်၏အနာဂတ်ဖြစ်သော ကလေးသူငယ်များ၏ ပညာသင်ကြားရေးကို ဖျက်ဆီးပြီး ၎င်းတို့၏ လက်နက်ကိုင်တိုက်ခိုက်မှုအတွက် စာသင်ကျောင်းများအား စစ်စခန်းများသဖွယ် အကာအကွယ်ယူ အသုံးချတိုက်ခိုက် နေမှုများအား နိုင်ငံတကာက သိရှိနိုင်ရန် အသိပေးသတင်း ထုတ်ပြန်အပ်ပါသည် ဟုဖော်ပြထားပါတယ်။

zawgyi

၁။      တည္ဆဲဥပေဒမ်ားအရ အၾကမ္းဖက္ အဖြဲ႕အစည္းမ်ားအျဖစ္ သတ္မွတ္ထား သည့္ NUG၊ CRPH ႏွင့္ ၎တို႔၏ လက္ေဝခံ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕မ်ားသည္ ၎တို႔အာဏာရရွိေရးအတြက္ အလုံးစုံပ်က္သုဥ္းေရးလမ္းစဥ္ကို ကိုင္စြဲၿပီး ႏိုင္ငံေတာ္၏ အနာဂတ္ျဖစ္ေသာလူငယ္မ်ား၏ ပညာေရးက႑ကို ဆင္ျခင္တုံတရားကင္းမဲ့စြာ နည္း မ်ိဳးစုံျဖင့္ ေႏွာင့္ယွက္တိုက္ခိုက္ ဖ်က္ဆီးလ်က္ရွိသည္။ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ မွ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလကုန္အထိ NUG အဖြဲ႕၏ ေစခိုင္းခ်က္အရ PDF အမည္ခံ အၾကမ္းဖက္သမားမ်ားသည္ ႏိုင္ငံတဝွမ္းလုံးရွိ စာသင္ေက်ာင္း၊ တကၠသိုလ္/ေကာလိပ္ မ်ားအား ဗုံးခြဲတိုက္ခိုက္မႈ ၅၂၈ ႀကိမ္၊ မီးရႈိ႕ဖ်က္ဆီးမႈ ၁၂၃ ႀကိမ္၊ စာသင္ေက်ာင္း မ်ားမဖြင့္ရန္ ၿခိမ္းေျခာက္မႈ ၁၁၅ ႀကိမ္ျပဳလုပ္ခဲ့ၾကၿပီး  CDM မလုပ္ဘဲ စာသင္ေက်ာင္း မ်ားဖြင့္လွစ္သင္ၾကားေပးေနသည့္ တာဝန္သိႏိုင္ငံ့ဝန္ထမ္းေကာင္း ဆရာ/ဆရာမ မ်ားႏွင့္ ပညာေရးဝန္ထမ္းမ်ားအား ရက္စက္စြာ လုပ္ႀကံသတ္ျဖတ္ခဲ့သျဖင့္ ေသဆုံးသူ ၆၆ ဦး ႏွင့္ ဒဏ္ရာရသူ ၂၅ ဦး ရွိေနၿပီျဖစ္သည္။ ထိုသို႔ စာသင္ေက်ာင္းမ်ားအား တိုက္ခိုက္ဖ်က္ဆီးျခင္း၊ ဆရာ/ဆရာမမ်ားအား လုပ္ႀကံသတ္ျဖတ္ျခင္းမ်ားကို ျပဳလုပ္ ခဲ့သည့္အျပင္ ကုလသမဂၢႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားမွ ဥပေဒအရတားျမစ္ထား သည့္ စာသင္ေက်ာင္းမ်ားအား စစ္ေရးအရ အသုံးျပဳျခင္းကိုလည္း ျပဳလုပ္လ်က္ရွိ ေၾကာင္း ေျမျပင္စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ သိရွိရသည္။

၂။      ၂၀၀၈ ခုႏွစ္တြင္ ထုတ္ျပန္ခဲ့ေသာ ကုလသမဂၢလုံၿခဳံေရး ေကာင္စီ၏ ဆုံးျဖတ္ ခ်က္အမွတ္ ၂၄၂၇ တြင္ လက္နက္ကိုင္ပဋိပကၡေၾကာင့္ စာသင္ေက်ာင္းမ်ား၊ ေဆး႐ုံ မ်ား ပိတ္ထားရျခင္းကိုရႈံ႕ခ်ထားၿပီး လက္နက္ကိုင္တိုက္ခိုက္သူမ်ားအေနျဖင့္ ကေလး သူငယ္မ်ား၏ ပညာသင္ၾကားခြင့္မ်ား၊ က်န္းမာေရးဝန္ေဆာင္မႈမ်ားႏွင့္ ပတ္သက္၍ အေႏွာင့္အယွက္ျဖစ္ေစမည့္ လုပ္ရပ္မ်ားအား ေရွာင္ၾကဥ္ရန္ တိုက္တြန္းထားသည္။ ထို႔အျပင္ ကုလသမဂၢအဖြဲ႕အစည္းမ်ားျဖင့္ ဖြဲ႕စည္းထားေသာ Global Coalition to Protect Education from Attack (GCPEA) အဖြဲ႕အစည္းက ထုတ္ျပန္ထားေသာ “လက္နက္ကိုင္ ပဋိပကၡအတြင္း စာသင္ေက်ာင္းမ်ားႏွင့္ တကၠသိုလ္မ်ားအား စစ္ေရးအရ အသုံးျပဳျခင္းမွ ကာကြယ္ရန္လမ္းၫႊန္ခ်က္မ်ား” တြင္လည္း ပညာေရးႏွင့္ သက္ဆိုင္ ေသာ ေနရာမ်ားကို စစ္ေရးရည္႐ြယ္ခ်က္အတြက္ အသုံးခ်ခြင့္မရွိေၾကာင္း ေဖာ္ျပထား သကဲ့သို႔ ေက်ာင္းအုပ္ခ်ဳပ္သူမ်ား၊ ပညာေရး ဝန္ထမ္းမ်ားကိုလည္း ဖိအားေပးအၾကပ္ ကိုင္ျခင္း၊ မက္လုံးေပးစည္း႐ုံးျခင္းမ်ားအား မျပဳလုပ္ရန္ တားျမစ္ထားပါသည္။

၃။      သို႔ေသာ္ NUG၊ CRPH ႏွင့္ ၎တို႔၏ လက္ေဝခံ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕မ်ား ႏွင့္ ေသာင္းက်န္းသူအဖြဲ႕အစည္းမ်ားသည္ အစိုးရဆန႔္က်င္ေရးကို အေၾကာင္းျပ၍ စာသင္ ေက်ာင္းမ်ားအား အတင္းအဓမၼပိတ္ခိုင္းၿပီး စစ္စခန္းမ်ားအျဖစ္ အသုံးျပဳလ်က္ရွိရာ ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီ ၃၀ ရက္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာၿမိဳ႕နယ္၊ မိုးတားေလးေက်း႐ြာရွိ အထက(မိုးတားေလး) စာသင္ေက်ာင္းအတြင္း၌ KIA အဖြဲ႕ႏွင့္  PDF အမည္ခံအၾကမ္းဖက္အဖြဲ႕မ်ားက တပ္မေတာ္စစ္ေၾကာင္းမ်ားအားတိုက္ခိုက္ရန္ စာသင္ေက်ာင္းဝန္းအတြင္း စစ္စခန္းသဖြယ္ ဘန္ကာမ်ား ေဆာက္လုပ္ထားျခင္း၊ ကတုတ္က်င္းမ်ား ျပဳလုပ္ထားျခင္း၊ သဲအိတ္ဘန္ကာမ်ား ျပဳလုပ္ထားျခင္းတို႔ကို ေတြ႕ရွိရၿပီး  KIA အဖြဲ႕ႏွင့္  PDF အမည္ခံအၾကမ္းဖက္အဖြဲ႕မ်ားသည္ ေဒသခံျပည္သူမ်ား အား လက္နက္အားကိုးျဖင့္ အႏိုင္က်င့္ၿပီး စာသင္ေက်ာင္းမ်ားအား စစ္စခန္းမ်ားအျဖစ္ အသုံးခ်လ်က္ရွိေၾကာင္း ကိုယ္တိုင္မ်က္ျမင္ ႀကဳံေတြ႕ခဲ့ရသည့္ ႐ြာသားမ်ား၏ ရင္ဖြင့္ စကားသံမ်ားကိုလည္း ယခုကဲ့သို႔ ၾကားသိခဲ့ရပါသည္-

          “ေက်ာင္းသားေတြ ေက်ာင္းတက္တဲ့ စာသင္ေက်ာင္းကို စစ္စခန္းအေနနဲ႔ KIA နဲ႔ PDF အဖြဲ႕က ဘန္ကာေတြ လာလုပ္သြားတာ ပါ။ စစ္စခန္းလုပ္ၿပီး ဒီမွာလဲ သူတို႔ရံဖန္ရံခါ ေနပါတယ္။ သူတို႔အင္အားကေတာ့ တစ္ေခါက္လာရင္ အနည္းဆုံးအင္အား ၅၀ နဲ႔ ၁၀၀ ၾကားလာပါတယ္။ သဲအိတ္ေတြ ကိုေတာ့ ၿပီးခဲ့တဲ့ ၁၂ လပိုင္းေလာက္က ကြၽန္ေတာ္တို႔႐ြာကိုလာၿပီး သူတို႔ စစ္စခန္းခ်တဲ့ အခ်ိန္မွာ အကာအကြယ္အေနနဲ႔ သူတို႔လုပ္သြားတာပါ။ ကြၽန္ေတာ္တို႔ ႐ြာကိုလာရင္ သူတို႔ေတြ ဒီစာသင္ေက်ာင္းမွာပဲ စတည္းခ်ၿပီးေနတာမ်ားတယ္ဗ်။ ကေလးေတြ ေက်ာင္းတက္တဲ့ စာသင္ေက်ာင္းကို အကာအကြယ္လုပ္၊ ခုတုံးလုပ္ၿပီးေနတယ္လို႔ပဲ ကြၽန္ေတာ္တို႔ ကေတာ့ အဲဒီလိုပဲထင္တယ္ဗ်။ စာသင္ေက်ာင္းတစ္ဝန္းလုံးအနက္ အကာအကြယ္ေတြ ဘန္ကာေတြ ေဆာက္ထားတာ ႐ြာသားေတြကိုေခၚၿပီး အတင္းအဓမၼခိုင္းၿပီးမွ လုပ္ခိုင္းတာဗ်။ မ်ားေသာအားျဖင့္ ဒီေကာင္ေတြ ဒဏ္ကိုခံရတာကေတာ့ ထမင္းေတြ ခ်က္ေကြၽးရ တယ္။ တစ္အိမ္လွ်င္ ထမင္းသုံးနပ္ ရံဖန္ရံခါဆိုရင္ ဆက္ေၾကးအေနနဲ႔ ပိုက္ဆံ ေကာက္ခံတာေတြလည္းရွိတယ္။ ကြၽန္ေတာ္တို႔ ေက်း႐ြာသားေတြအေနနဲ႔ ကေတာ့ KIA/PDF ေတြလာတာကို လုံးဝမႏွစ္သက္ပါဘူး။ ေက်း႐ြာကလည္း ဒီေကာင္ေတြ ဒဏ္ခံရတာ အၿမဲတမ္း လစဥ္လိုလိုျဖစ္ေနေတာ့ ဒီအဖြဲ႕အစည္းကို လုံးဝလက္မခံပါဘူး။”

“ကေလးေတြ ေက်ာင္းတက္တဲ့ စာသင္ေက်ာင္းကို အကာအကြယ္လာလုပ္တာ စစ္စခန္းလာလုပ္တာ ကေတာ့ ၁၂ လပိုင္း လလယ္ေလာက္ကစတာပါ။ သူတို႔ကို စားစရာ ေသာက္စရာ ဆန္ေတြ ဆီေတြ လုပ္ေပးရပါတယ္။ အခုလိုအၾကမ္းဖက္ အဖြဲ႕အစည္းေတြ လုပ္ရပ္ ေတြကို ကြၽန္ေတာ့္ အေနနဲ႔လုံးဝ သေဘာမက်ပါဘူး။”

၄။      လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ၎ေက်း႐ြာ၏ စာသင္ေက်ာင္းအတြင္းရွိ အၾကမ္း ဖက္သမားမ်ား ေဆာက္လုပ္ထားေသာ စစ္စခန္းမ်ားအား ႐ြာသူ႐ြာသားမ်ားႏွင့္ အတူ တကြ ျပန္လည္ဖ်က္ဆီးခဲ့ၿပီး ေက်ာင္းသန႔္ရွင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးခဲ့ သည္။ ၎အျပင္ ႏိုင္ငံတကာလူသားခ်င္းစာနာေထာက္ထားမႈဥပေဒ (International Humanitarian Law)တြင္ ေဖာ္ျပထားေသာ ကုလသမဂၢအဖြဲ႕ဝင္ ႏိုင္ငံမ်ား၏ အစိုးရမ်ားအေနျဖင့္ အၾကမ္းဖက္လက္နက္ကိုင္တပ္ဖြဲ႕မ်ားက စာသင္ ေက်ာင္းမ်ားအား အသုံးျပဳျခင္းကို ထိထိေရာက္ေရာက္တားဆီးေပးရန္ တိုက္တြန္းခ်က္ အရ ပညာေရးက႑အား အၾကမ္းဖက္သမားမ်ား၏ ဆင္ျခင္တုံတရားကင္းမဲ့စြာ ဖ်က္ဆီးေနမႈအႏၲရာယ္မွ ကာကြယ္တားဆီးႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးအစီအမံ မ်ားအား ေဆာင္႐ြက္လ်က္ရွိပါသည္။

၅။      NUG၊ CRPH ႏွင့္ ၎တို႔၏ လက္ေဝခံ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕မ်ားသည္ ႏိုင္ငံတကာဥပေဒမ်ား၊ ျပဌာန္းခ်က္မ်ားကို ခ်ိဳးေဖာက္ကာ ကေလးသူငယ္မ်ား၏ ပညာသင္ၾကားေရးကို နည္းမ်ိဳးစုံျဖင့္ ေႏွာင့္ယွက္တိုက္ခိုက္ေနေသာ္လည္း အခ်ိဳ႕ေသာ ႏိုင္ငံမ်ား၊ အဖြဲ႕အစည္းမ်ားအေနျဖင့္ ၎တို႔၏ အၾကမ္းဖက္လုပ္ရပ္မ်ားကို မသိ က်ိဳးကြၽံ ျပဳကာ ၎အဖြဲ႕အစည္းမ်ားႏွင့္ ထိေတြ႕ဆက္ဆံျခင္း၊ မီဒီယာမ်ားေပၚတြင္ အားေပးေထာက္ခံျခင္းမ်ားကို ျပဳလုပ္လ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။ ထိုသို႔ျပဳလုပ္ေနမႈ မ်ားသည္ အျပစ္မဲ့ျပည္သူမ်ား၏ ဘဝလုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရးတို႔ကို ၿခိမ္းေျခာက္ဖ်က္ဆီးလ်က္ရွိၿပီး ႏိုင္ငံေတာ္၏ အနာဂတ္ ျဖစ္သည့္ ကေလးသူငယ္မ်ား ၏ ပညာသင္ၾကားေရးအား ဆင္ျခင္တုံတရားကင္းမဲ့စြာ ေႏွာင့္ယွက္ဖ်က္ဆီးလ်က္ရွိ ေသာ အၾကမ္းဖက္သမားမ်ားအား အားေပးအားေျမႇာက္ျပဳေနျခင္းျဖစ္ၿပီး ထိုသို႔ အားေပး အားေျမႇာက္ျပဳေနျခင္းသည္ ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိရန္ ႀကိဳးပမ္းေနမႈမ်ားအား ေႏွာင့္ေႏွးၾကန႔္ၾကာေစမည္ျဖစ္ေၾကာင္း သတိျပဳရန္ လိုအပ္မည္ျဖစ္ပါသည္။

၆။      သို႔ျဖစ္ပါ၍ KIA အဖြဲ႕ႏွင့္ NUG၊ CRPH ႏွင့္ ၎တို႔၏ လက္ေဝခံ PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕မ်ားသည္ ႏိုင္ငံေတာ္၏အနာဂတ္ျဖစ္ေသာ ကေလးသူငယ္မ်ား၏ ပညာသင္ၾကားေရးကို ဖ်က္ဆီးၿပီး ၎တို႔၏ လက္နက္ကိုင္တိုက္ခိုက္မႈအတြက္ စာသင္ေက်ာင္းမ်ားအား စစ္စခန္းမ်ားသဖြယ္ အကာအကြယ္ယူ အသုံးခ်တိုက္ခိုက္ ေနမႈမ်ားအား ႏိုင္ငံတကာက သိရွိႏိုင္ရန္ အသိေပးသတင္း ထုတ္ျပန္အပ္ပါသည္ ဟုေဖာ္ျပထားပါတယ္။

မှတ်တမ်းဗီဒီယိုများ