ဗိုက်ပူတဲ့ပုံစံပေါ်မူတည်ပြီး ဗိုက်ချပ်အောင်လုပ်နည်း

မှန်ရှေ့ရပ်ပြီး ကိုယ် ဘယ်လိုဗိုက်ပူနေတာလဲ မှန်းကြည့်ကြရအောင်။ ဗိုက်ပူပုံပူနည်း (၅) မျိုးတောင် ရှိသတဲ့။ ကိုယ့်ဗိုက်လေး ဘယ်လိုပူတယ်ဆိုတာသိမှ ဗိုက်မထွက် အလှမပျက်အောင် ဘယ်လိုဖြေရှင်းလို့ရမလဲ ရှေ့ဆက်စဉ်းစားလို့ရမယ် မဟုတ်ပါလား။

1.        ဗိုက်က တစ်ပြင်လုံး စူနေပြီး အစာမကြေ ရင်ပြည့်ရင်ကယ်တွေပါ တွဲဖြစ်နေရင်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းက ပြဿနာရှိနေတာကို ပြပါတယ်။ လှဲချလိုက်တဲ့အခါ ပြန်ချပ်သွားပြီး မနက်စောစောမှာဆို ဗိုက်လေးက ချပ်နေတတ်ပါတယ်။ အစာချေစနစ် အားကောင်းလာအောင် အသီးအရွက် များများစားပြီး ထမင်းနဲ့ ခေါက်ဆွဲ စားတာတွေ လျှော့ချဖို့ လိုပါတယ်။

2.        အရေပြားလွှာ အဆီပြင်ကတော့ ဗိုက်က တွဲကျနေပြီး အောက်ပိုင်းလေးက ပိုပျော့တွဲနေတတ်တာပါ။ လမ်းလျှောက်တာ၊ ပြေးတာ၊ အက၊ ကိုယ်လုံးအလှကျင့်တာ အိပ်ရေးဝအောင် အိပ်တာတွေနဲ့ ဗိုက်အရေပြားကို တင်းလာအောင် လေ့ကျင့်လို့ ရပါတယ်။ ကျန်းမာရေးအတွက် အန္တရာယ်နည်းပါတယ်။

3.        ဗိုက်ခေါက်က ပျော့တွဲနေရုံတင်မဟုတ်ဘဲ အောက်ပိုင်းမှာပါ သိသိသာသာ ဖောင်းတင်းနေရင်တော့ ကြည့်လို့မလှတဲ့အပြင် ပေါင်တွေပါ တုတ်ခိုင်နေတာ တွေ့ရမှာပါ။ လေ့ကျင်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီး ချလို့ရတဲ့ဗိုက်ပါ။ သကြား လုံးဝရှောင်ရပါမယ်။ အချိုစားလေ ပိုထွက်လေဆိုတဲ့ ဗိုက်အမျိုးအစားပါ။

4.        ဗိုက်ကတော့ မပူဘူး။ ခါးပဲ တုတ်နေတာကတော့ အန္တရာယ်များတဲ့ အခြေအနေပါ။ အဆီအနှစ် စားတာများပြီး ကိုယ်လက်လှုပ်ရှားမှု အလွန်အားနည်းနေတာကို ပြသပါတယ်။ ဇိမ်ကျလွန်းပြီး အဆီပိတ်နေတဲ့ ဗိုက်နဲ့ခါးပါ။ အရက်၊ ဆိုဒါ၊ အကင်အကြော်တွေ တတ်နိုင်သလောက်ရှောင်ပြီး လေ့ကျင့်ခန်း အသင့်အတင့်လုပ်ပါ။ ခါးလေ့ကျင့်ခန်းနဲ့ အဆီရှောင်တာ တွဲဖက်မှကျမယ့်ဗိုက် ဖြစ်ပါတယ်။

●        ဆန်လုံးညို စားမယ်

●        ငါး ကြိုက်မယ်

●        အသီးအရွက်ဆီနဲ့ ချက်သူ

●        ကြက်ဥ၊ ဘဲဥ စားသူ

●        အရွက်စားသတ္တဝါ လုပ်ပါမှ အဆင်ပြေပါမယ်။

5.        ကိုယ်တွင်းအဆီကတော့ အန္တရာယ်ကြီးတဲ့အဆီပါ၊ ခန္ဓာကိုယ်တွင်း အဂါၤတွေမှာ အဆီတွေ စုနေပါတယ်။ ဗိုက်ကအောက်ပိုင်းစူနေတဲ့အပြင် အလယ်ကလည်း ခပ်စူစူပါပဲ။ ရင်ခေါင်းနားကစလို့ အောက်ပိုင်းထိ တစ်ညီတစ်ညာတည်း စူထွက်နေရင်တော့ အခြေအနေမဟန်ပါဘူး။ ရောဂါတွေဖြစ်ဖို့ အလားအလာ တော်တော်များနေပါပြီ။

●        သနေ္ဓတားဆေးတွေ

●        အသက်ရလာတာ

●        အချိုစား များတာ

●        လေ့ကျင့်ခန်း မလုပ်တာတွေက ကိုယ်တွင်းအဂါၤတွေ အဆီစုဖို့ အခြေအနေပေးနေတာပါပဲ။ ဝမ်းဗိုက်အပေါ်ပိုင်းကစလို့ အကျႌတွေပါ ကြပ်လာရင်တော့ ဒီလိုအန္တရာယ် လက်တစ်ကမ်းမှာ ရှိနေပါပြီ။

          ကိုယ်တွင်းအဆီတွေဟာ ဆီးချိူရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကိုလက်စထရော၊ အဆီဓာတ် တိုးနေတာတွေနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။

●        အိမ်မှာ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် ချက်စားပါ။

●        နည်းနည်းနဲ့ မကြာခဏစားပါ။

●        ကော်ဖီ၊ လက်ဖက်ရည် လျှော့ပါ။

●        အရက်ဖြတ်ပါ။

●        လမ်းခပ်သွက်သွက် လျှောက်ပါ။

●        တရားထိုင်ပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)