တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားကို ဖေဖော်ဝါရီလ (၂၀) ရက်မှစတင်ထုတ်ယူနိုင်

၂၀၂၃ခုနှစ်၊ မတ်လ (၈) ရက်မှ (၁၈) ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြေညာထားသည်။

အဆိုပါ ကြေညာချက်တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာန အသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို၏ ဓာတ်ပုံ ကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို (၂၀၂၃) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက် တနင်္လာနေ့မှစ၍ ထုတ်ယူကြရမည်ဖြစ်ကြောင်းသိရှိရပါသည်။

အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို၏ စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card )များကို မိမိတို ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်ပါသည်။

ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည်ဖြစ်သည်။

ကျောင်းသား ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card) များ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြိုနယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်း ဖော်ပြထားပါသည်။