မြန်မာ့နွားအလှနှင့် အသားတိုးနွား၊ နို့စားနွား၊ သိုး/ဆိတ်ပြိုင်ပွဲကို ဒုတိအကြိမ်အဖြစ် ကျင်းပမည်

ဒုတိယအကြိမ် မြန်မာ့နွားအလှနှင့် အသားတိုးနွား၊ နိုစားနွား၊ သိုး/ဆိတ် ပြိုင်ပွဲကို မင်္ဂလာဒုံမြိုနယ် ပျဉ်းမပင်
မွေးမြူရေးခြံ၌ ဒီဇင်ဘာ ၃၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာနထံမှ သိရပါတယ်။
ပြိုင်ပွဲတွင် မြန်မာ့နွားသိုး၊ အသားတိုး နွားအထီး/ အမ၊ နိုစားနွားမနှင့် နွားမတန်း၊ ဆိတ်ထီး/ဆိတ်မ စသည်ခုနှစ်မျိုး
ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြန်မာ့မျိုးကောင်း မျိုးသန့်ဖြစ်သော ဘရာမင်အသားတိုးနွားနှင့် နိုထွက်နှုန်းကောင်းသော
ဆာနန်ဆိတ်၊ အသားထွက်နှုန်းကောင်းသော ဘိုဝါဆိတ်များကိုလည်း ပြသသွားမည်ဟုဆိုသည်။
နွားပြိုင်ပွဲတွင် ဆုချီးမြှင့်မှုအနေဖြင့် ပထမဆု ငွေကျပ် (၅) သိန်း၊ ဒုတိယဆု ငွေကျပ် (၃) သိန်း၊ တတိယဆု
ငွေကျပ် (၂) သိန်းနှင့် နှစ်သိမ့်ဆု ငွေကျပ် (၁) သိန်း၊ ဆိတ်ပြိုင်ပွဲတွင် ပထမဆု ငွေကျပ် (၃) သိန်း၊ ဒုတိယ
ဆု ငွေကျပ် (၂) သိန်း၊ တတိယဆု ငွေကျပ် (၁) သိန်းနှင့် နှစ်သိမ့်ဆုအတွက် ငွေကျပ်ခုနှစ်သောင်း ချီးမြှင့်
သွားမည်ဖြစ်ကြောင်း သိရပါတယ်။