အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးသူများအား ပြစ်ဒဏ်ချမှတ်သတင်း

သေဒဏ်

(က) လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်နေထိုင်၍ အမှတ်(၃) ရပ်ကွက်၊ ရာအိမ်မှူး ဦးဇော်လင်း အား လုပ်ကြံ သတ်ဖြတ်ရာတွင်ပါဝင်ခဲ့ကြသည့် အကြမ်းဖက်သမား တရားခံများဖြစ်ကြသော
(၁) ကိုကြီး(ခ) ဇေကြီး(ခ) ကိုဇေ၊
(၂) နွေဦး(ခ) ငှက်ကြီး၊
(၃) ဖိုးကြီး၊
(၄) ဘာဘာ(ခ) ပိုင်ကြီး၊
(၅) ပြည့်ဖြိုးအောင်၊
(၆) ကုလားလေး
တို(၆)ဦးအား အကဖ-၅၄ အရ သေဒဏ်ချမှတ်။
(ခ) မြောက်ဥက္ကလာပမြိုနယ်၊ (ဌ)ရပ်ကွက်၊ ရာအိမ်မှူးဦးစိုးလွင်အား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ကြသည့် အကြမ်းဖက်တရားခံများဖြစ်ကြသော
(၁) နိုင်လင်း(ခ) သော်ထွဋ်အောင်၊
(၂) ဝေယံကောင်းထက်(ခ) Andrew Leon (ခ) Lu Aye (ခ) စွန်ဖုန်း၊
(၃) ဖြိုးသွေးအောင်(ခ) နိုင်ဝင်း
တို (၃) ဦးအား အကဖ-၅၄ အရ သေဒဏ်ချမှတ်။
ထောင်ဒဏ်တစ်သက်

(က) မြောက်ဥက္ကလာပမြိုနယ်တွင်နေထိုင်၍ KNU တပ်မဟာ(၃) နယ်မြေတွင် အကြမ်းဖက်စစ်သင်တန်းအားတက်ရောက်ခဲ့ပြီး၊ မြောက်ဥက္ကလာပမြိုနယ်၊ ဘုမ္မာကျောင်းလမ်းရှိ (ည) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့သူ အကြမ်းဖက်သမားတရားခံ ဝေယံကောင်းထက်အား အကဖ-၅၀(ဈ) အရ ထောင်ဒဏ်တစ်သတ်ချမှတ်။
(ခ) မြောက်ဥက္ကလာပမြိုနယ်အတွင်း နေထိုင်၍ KNUတပ်မဟာ (၆)နယ်မြေတွင် အကြမ်းဖက် စစ်သင်တန်းတက်ရောက်ခဲ့ပြီး မြောက်ဥက္ကလာပမြိုနယ်၊ (ည) ရပ်ကွက်၊ ဘုမ္မာကျောင်းလမ်းရှိရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့သူ တရားခံ နိုင်လင်းဇော်(ခ)နိုင်လင်း အား အကဖ-၅၀(ဈ) အရ ထောင်ဒဏ်တစ်သတ်ချမှတ်။
ထောင်ဒဏ် ၁၀ နှစ်

ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်၊ အမှတ်(၃၆)ရပ်ကွက်၊ အမှတ်(၇) နေအိမ်၌ အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်း ထားခဲ့သည့် အကြမ်းဖက်သမားတရားခံများ ဖြစ်သော
(၁) အောင်လွင်ဦး(ခ) ကိုအောင် (ခ) ဘယက်၊
(၂) ဇော်ဖုန်းနိုင်(ခ) ဇီး၊
(၃) ဇင်မင်းဦး(ခ) လူမင်း၊
(၄) အောင်မြင့်ဦး(ခ) အောင်ကျော်ဦးတို့(၄)ဦးအား အကဖ-၅၁(ဂ)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ်ချမှတ်။
ထောင်ဒဏ် ၇ နှစ်

(၁) လှိုင်သာယာ(အရှေ့ပိုင်း)မြိုနယ်တွင်နေထိုင်၍ KNUတပ်မဟာ(၆) နယ်မြေတွင် အကြမ်းဖက် စစ်သင်တန်းအား တက်ရောက်ခဲ့ခြင်း၊ နေအိမ်၌ ဖောက်ခွဲရေး ပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်းမှုန့်(၅၀)ကျပ်သားခန့်အား သိမ်းဆည်းထား ခြင်း၊ လှိင်သာယာ(အရှေ့ပိုင်း)မြိုနယ်၊ (၁၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဖောက်ခွဲဖျက်ဆီးရာတွင် အခြေအနေစောင့်ကြည့်ပေးခြင်း များဆောင်ရွက်ပေးခဲ့သူ အကြမ်းဖက်သမားတရားခံ ကောင်းထက်ကျော်(ခ) ကျော်ကြီး
အား အကဖ-၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၇) နှစ်ချမှတ်။
(၂) ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ်အတွင်းနေထိုင်၍ သီလဝါဆိပ်ကမ်းရှိပူးမားဆီ လှောင်ကန်အား ဖောက်ခွဲဖျက်ဆီးရန် ကင်းစောင့်ကြည့်ရှုပေးခဲ့သူ အကြမ်းဖက်သမား တရားခံ ဉာဏ်လင်းနိုင်(ခ) Mr Nobodyအား အကဖ-၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၇) နှစ်ချမှတ်။