မိုင်းထိသည့် သားအမိနှစ်ဦးကျန်ခဲ့သော ပစ္စည်းများသွားယူသည့် သားကို ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက ပစ်ခတ်သတ်ဖြတ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မုတ္တိမြောင်ကျေးရွာအဝင်တွင် စျေးရောင်းသည့် မိခင်နှင့်သားဖြစ်သူတို့ကျန်ခဲ့သော ပစ္စည်းများသွားသိမ်းဆည်းသော သားအကြီးကို ပီဒီအက်(ဖ်) အကြမ်းဖက် သမားများက ဇန်နဝါရီလ ၁၀ ရက် ညနေ ၄ နာရီ ၄၀ မိနစ်အချိန်၌သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရသည်။

သပြေညွန့်ကျေးရွာနေ ဒေါ်ချောစိန် (၆၁ နှစ်) နှင့် မောင်ဖြိုးကြီး (၁၇ နှစ်) တိုသည် ဇန်နဝါရီလ ၁၀ ရက် နံနက် ၉ နာရီအချိန်၌ စျေးရောင်းရန် မုတ္တိမြောင်ရွာသို့လာစဉ် ရွာအဝင်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲခဲ့သည်။ မိုင်းစထိမှန်ဒဏ်ရာများရသွားသော အဆိုပါသားအမိနှစ်ဦးကို ဆေးကုသရန် ထန်းတပင်မြို့နယ်ရှိ လှည်းလမ်းကူးတိုက်နယ်ဆေးရုံသို တာဝန်ရှိသူများက ပိုဆောင်ပေးခဲ့သည်။ ယင်းနေ့ ညနေတွင် ဒေါ်ချောစိန်၏ သားအကြီးဖြစ်သူ ကိုနောင်နောင် (၂၇ နှစ်) သည် နံနက်က မိခင်မိုင်းထိပြီးကုန်ပစ္စည်းများ ကျန်ခဲ့သည့်နေရာသို သွားရောက်ပြီး ကုန်ပစ္စည်းများသယ်ယူနေစဉ် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက ကိုနောင်နောင် ကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရသည်။