ပင်လယ်အတွင်း မီးလောင်နေသည့် လှေတစ်စီးအား ကယ်ဆယ်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း  အနောက်ဘက်ရေမိုင် ၂၃ မိုင်ခန့်အကွာ၌ ငါးဖမ်းဝါးလတ်လှေတစ်စီး မီးလောင် နေတဲ့သတင်းအရ တပ်မတော်(ရေ)မှ သွားရောက် ရှာဖွေခဲ့ရာ ထူးထက်အောင် (၇၂)အမည်ရှိ ငါးဖမ်းဝါးလတ်လှေ ၁ စီး မီးလောင်နေတာကိုတွေ့ရသဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး လှေသား ၁၃ ဦးအား စစ်ရေယာဉ်ပေါ်သို့တင်ဆောင်၍  လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။

အဆိုပါ မီးလောင်နေသည့် ငါးဖမ်းဝါးလတ်လှေမှ လှေသားများအား ယနေ့တွင် သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။