နိုင်ငံတော်ပိုင် အဆောက်အဦများအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၃) ရပ်ကွက်၊ မြို့မဈေးလမ်းရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးအား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့်PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်မီးရှို့ခဲ့သဖြင့် က မြေစာရင်းရုံးအတွင်းရှိ ၁ ထပ်၊ သွပ်မိုးအုတ်ညှပ်အဆောက်အဦ ၁ လုံး၊ သွပ်မိုး ပျဉ်ထောင် နေအိမ်လိုင်းခန်း ၁ လုံးနှင့် မြေစာရင်းရုံးနှင့် ကပ်လျက်ရှိ မြန်မာ့ဆက်သွယ်ရေးရုံး အတွင်းရှိ MPT ဆက်သွယ်ရေးလုပ်ငန်းနှင့်ပတ်သက်သော ဆက်စပ်ပစ္စည်းများ ထားရှိသည့် သွပ်မိုး/ အုပ်ညှပ် အဆောက်အဦ အခန်း ၁ ခန်းတို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။