ပဲခူးမြို့တွင် ခွေးရူးကိုက်မှုကြောင့် ၂၉ဦး ဒဏ်ရာရ

ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓေါစေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်နေသည့် ဗုဒ္ဓပူဇနိယ ဘုရားပွဲဈေးတွင် ဧပြီလ ၂၇ ရက်နေ့  ညနေပိုင်းမှစတင်၍ ခွေးရူးတစ်ကောင်သည် ဘုရားပွဲလာပြည်သူများအား ကိုက်ခဲ့သဖြင့် ကျား ၁၆ ဦး၊ မ ၁၃ ဦး စုစုပေါင်း ၂၉ ဦး ခွေးကိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ခွေးရူးကိုက်ခံရသူများတွင် အသက် ၇၇ နှစ်အရွယ်မှစ၍ အသက် ၁၀ အရွယ် ကလေးငယ်များအထိပါဝင်ခဲ့ပြီး ခွေးကိုက်ခံရသူများအား ပဲခူးပြည်သူ့ ဆေးရုံကြီးမှ ခွေးရူးပြန်ကာကွယ်ဆေးနှင့် အဆိပ်ကျဆေးတို့အား ထိုးနှံပေးခဲ့ပြီး ဧပြီ ၃၀ ရက်နှင့် မေ(၄/၂၅)ရက် နေ့များတွင် ထပ်မံ၍ ဆေး (၃)ကြိမ် ထိုးပေးမည်ဖြစ်ကြောင်း သိရှိရသည်။

#PAN