ပြည်ပကို ပျားရည်တန်ချိန် ၁၉၀၀တင်ပို့ထားရာ ဂျပန်ကိုအများဆုံးတင်ပို့ထား

လက်ရှိ၂၀၂၂-၂၀၂၃ခုနှစ်ဘဏ္ဍာနှစ်အတွင်း ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ပြည်ပကို ပျားရည်တန်ချိန် ၁၉၀၀ တင်ပို့ထားရာ ဂျပန်နိုင်ငံကိုအများဆုံးတင်ပို့ထားကြောင်း မြန်မာနိုင်ငံပျားလုပ်ငန်းအသင်းကနေသိရပါတယ်။

မြန်မာ့ပျားရည်ကို တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ တရုတ်(တိုင်ပေ) နဲ့ စင်ကာပူနိုင်ငံတို့ကိုတင်ပို့ပြီး ဂျပန်နိုင်ငံကို အများဆုံး တင်ပို့ထားကြောင်း၊ ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ လိုက်ချီးပျားရည်ဆိုပြီးထုတ်လုပ်လျက်ရှိနေတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံကထွက်ရှိတဲ့ပျားရည်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံကျော်ရရှိထားပြီးပြည်တွင်းစားသုံးရန် နှစ်စဉ် ပျားရည်တန်ချိန် ၂,၀၀၀ ခန့် ထုတ်လုပ်လျက်ရှိကာ ပြည်ပကိုတန်ချိန် ၄,၀၀၀ ခန့် တင်ပို့နေတယ်လို့သိရပါတယ်။