မြ၀တီမြို့မှာ ဆိုင်ကယ်တွေလှည့်လည်ခိုးယူနေသူတစ်ဦးကို ဆိုင်ကယ် ၈ စီးနဲ့အတူဖမ်းမိ

မြ၀တီမြို့မှာ ဆိုင်ကယ်တွေလှည့်လည်ခိုးယူနေသူတစ်ဦးကို ဆိုင်ကယ် ၈ စီးနဲ့အတူဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

“အခုမြဝတီမှာ ဆိုင်ကယ်သူခိုးတွေက တအားများနေတာပါ။ဆိုင်ကယ်အကြောင်းကို ကျွမ်းကျင်တဲ့သူတွေက ခိုးခိုးသွားတာပေါ့၊ ခိုးတာကတစ်စီးတည်းလည်းမဟုတ်ဘူးလေ၊သူက အဆက်ဆက်တွေနဲ့ လုပ်ကြတာ၊ သူ့အဖွဲ့နဲ့သူ သူ့ကွင်းဆက်တွေနဲ့ သူလိုက်ခိုးကြတာပါ။ အဲ့တာကိုဟိုတလောတုန်းကမိတယ်။တစ်ယောက်က တစ်စီးခိုး၊တစ်ယောက်ကနှစ်စီးခိုးအဲ့လိုလည်းမဟုတ်ဘူး၊တစ်ဦးထဲကပဲ ပြစ်မှုကိုကျူးလွန်တာ ၇ ခါ၊၈ ခါမျိုးတွေပါ။ အခုကသတိနဲ့သွား သတိနဲ့လာပါပဲ၊ဆိုင်ကယ်မပျောက်အောင်ပဲဂရုစိုက်နေရတာပါ”လို့ မြဝတီမြို့ခံတစ်ဦးက မြန်မာ့ပလက်ဖောင်းသို့ ပြောပြခဲ့ပါတယ်။