မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ဘ၀ကိုအသိသတိနဲ့ထားပါ

ကျဆုံးမှုတစ်ခုကို ရင်မဆိုင်ရဲရင်
ကိုယ့်ဘ၀ဟာ ရှေ့ခရီးဆက်ဖို့
ပိုခက်ခဲ လာတတ်ပါတယ် ။

လတ်တစ်လောအဆင်မပြေမှုကို
သည်းခံနိုင်စွမ်း မရှိဘူးဆိုရင်

ပိုကြီးမားတဲ့ ပြဿနာတွေမှာ
ပြေလည်ဖို့ ဝေးသွားနိုင်ပါတယ် ။

စိတ်သဘောထား မမှန်ကန်ရင်
အလိုလိုနေရင်းလည်း
အကုသိုလ်တွေ ရသွားနိုင်ပါတယ် ။

ပေးကမ်းမှုတွေ မရှိဘူးဆိုရင်
ခြံရံမှုတွေဟာလည်း
နည်းပါးလို့ သွားတတ်ပါတယ် ။

ကိုယ်ချင်း စာနာမှုတွေအားနည်းရင်
အပြစ်တွေကိုပဲ မြင်ပြီးတော့
ဘ၀တွေ ပူလောင်ရတတ်ပါတယ် ။

အသိသတိလေးကပ်ပြီးတော့
ဘ၀ကို ရပ်တည်နိုင်မှ
အမှားကင်းလို့ ချမ်းသာနိုင်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏