မက်ဆီ၊ နေမာတို့နဲ့ ပွဲထွက်ခဲ့ပေမယ့် ရန်းနက်စ်ကို အဝေးကွင်းမှာ အရှုံးပေးခဲ့ရတဲ့ PSG

ရန်းနက်စ် 1-0 ပီအက်ဂျီ
Traore(65′)

အမ်ဘက်ပီကလွဲလို့ လူစုံတက်စုံ ပွဲထုတ်လာခဲ့ပေမယ့် PSG တို့ ရန်းနက်စ်ကို အရေးနှိမ့်ခဲ့ရပါတယ်။ ရန်းနက်စ်ဟာ တန်ပြန်တိုက်စစ်ကို အသုံးပြုခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာမရခဲ့ပေမယ့် ဂိုးပေါက်တည့်ကန်ချက် ၆ ကြိမ်ထိ ရှိခဲ့ပြီး ပီအက်စ်ဂျီကတော့ တစ်ကြိမ်သာရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အမ်ဘက်ပီကိုထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် လိုအပ်တဲ့ ချေပသွင်းဂိုးတွေ၊ အနိုင်ဂိုးတွေကို PSG တို့ မရှာဖွေနိုင်ခဲ့ပါဘူး။ ဒီပွဲအရှုံးကြောင့် အခုဆိုရင် ဒုတိယနေရာက လန်းစ်အသင်းနဲ့ PSG တို့ဟာ ရမှတ် ၃ မှတ်သာ ကွာဟပါတော့တယ်။

GoalSport